ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ဝေါမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်သည် မေလ ၂၀ ရက် ညနေပိုင်းတွင် ဝေါမြို့နယ် အောက်ကွေ့ကြီး ကျေးရွာ (အ.လ.က)အောက်ကွေ့ကြီး တို့ချဲ့ကျောင်းဆောင်သစ် ပေ ၁၂၀× ၃၀၏ (၂၅)% ပြီးစီးမှုကို တာဝန်ရှိသူများနှင့်အတူကွင်းဆင်းကြည့်ရှုခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ မြို့နယ်ပညာရေးမှူး၊ လက်ထောက်ပညာရေး မှူး၊ မြို့နယ် ဆောက်လုပ်ရေး ကြီးကြပ်အဖွဲ့မှ အင်ဂျင်နီယာ ၊ အဖွဲ့ချုပ်မြို့နယ် ECများ၊ ကျေးရွာတာဝန်ခံ၊ တာဝန်ခံ ဆရာမများ၊ တင်ဒါအောင် Royal D.N.A ကုမ္ပဏီတာဝန်ရှိသူများ၊ အဖွဲ့ချုပ် ရပ်ကျေး အလုပ်အမှုဆောင်
များ လိုက်ပါခဲ့ကြသည်။

၎င်းနောက် လွှတ်တော်ကိုယ်စားလှယ်သည်ဝေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အောက်ကွေ့ ကြီးကျေးရွာ VDP သိန်း ၁၀၀ စီမံကိန်း ဂဝံလမ်းခင်းခြင်း လုပ်ငန်း စတင်ဆောင်ရွက်နေမှုအား ကွင်းဆင်း ကြည့်ရှုခဲ့ ကြောင်း သိရသည်။