စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းနှင့် မြေယာကိစ္စရပ်များဆိုင်ရာကော်မတီသည် မေလ၁၈ ရက်နေ့မှ ၂၀ ရက်နေ့ အထိ တိုင်းဒေသကြီး လွှတ်တော် ရေးရာကော်မတီ အစည်းအဝေးခန်းမ၌ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေ အရသုံးခန့်မှန်းခြေ ငွေစာရင်းများ စိစစ်ခြင်းနှင့်ပတ်သက်၍တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့သည်။
ကော်မတီသည်တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးနှင့် အဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ၊အဖွဲ့ဝင်များ၊ အကြံပေး အဖွဲ့ဝင်တို့နှင့် အတူ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။