တွေ့ဆုံညှိနှိုင်းအစည်းအဝေးတက်ရောက်

ရေတာရှည်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်သည်မေလ ၂၀ ရက်နေ့ နံနက် ၁၀နာရီတွင် ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ ကျင်းပသည့် ရေတာရှည်မြို့နယ် အခြေခံပညာ ဦးစီးဌာန၏‌ စာသင်ကျောင်းများဆောက်လုပ်နေသည့် ကုမ္ပဏီများလုပ်ငန်း ဆောင်ရွက်နေမှု တွေ့ဆုံ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပြီးပြတ်အောင်ဆောင်ရွက်နိုင် ခြင်း မရှိသည့် ကုမ္ပဏီများနှင့်၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၌ဆောင်ရွက်မည့်ကုမ္ပဏီများအားခေါ်ယူတွေ့ဆုံ၍ လုပ်ငန်းများ အချိန်မီ ပြီးပြတ်အောင်ဆောင်ရွက်နိုင်ရေး၊အခက်အခဲရှိပါကပူးပေါင်းဖြေရှင်းကြရန် ညှိနှိုင်းခဲ့‌ကြောင်းသိရသည်။

ညှိနှိုင်းအစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ်နှင့်အတူမြို့နယ်ပညာရေးမှူးနှင့်အဖွဲ့၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံကိန်းများ တည်ဆောက်မှု အရည်အသွေးစိစစ်ရေးကော်မတီ၊ QCကုမ္ပဏီများ၊ ဆောက်လုပ်ရေးကုမ္ပဏီများ၊ ဆောက်လုပ်မည့် ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဒေသ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်၊၊