ပြည်ပများပြန်လည်ရောက်ရှိလာသူများအား ထားရှိရန် အဆောင်များပြင်ဆင်ခြင်းကွင်းဆင်းကြည့်ရှု

ကျောက်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင်ဆန်းဦး သည် မတ်လ ၂၅ ရက်နေ့က COVID-19 ကူးစက်မြန် အဆုပ်ရောင်ရောဂါ စောင့်ကြည့်မည့်အစီစဉ် ဖြင့် ကျောက်ကြီး မြို့နယ် အတွင်းသို့ ပြည်ပမှ ပြန်လည် ရောက်ရှိလာသူများအား စောင့်ကြည့်ထား ရှိ မည့် အ.ထ.က နတ်သံကွင်း စာသင်ဆောင်များပြင်ဆင်ခြင်းကို ဌာနဆိုင်ရာများ၊ အမျိုးသမီး အဖွဲ့ များ၊ ရပ်မိရပ်ဖများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့သည်။နေ့လယ်ပိုင်းတွင် မြို့နယ် အထွေထွေအုပ် ချုပ်ရေး ဦးစီးဌာနရုံး၌ မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစည်သူ လွင်နှင့်အတူ မြို့နယ်အဆင့် COVID-19 ကူးစက်မြန် အဆုပ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီ အစည်းအဝေးသို့တက်ရောက်ခဲ့သည်။

ကျောက်ကြီး၊ မုန်း၊ နတ်သံကွင်း စခန်း (၃) ခုတွင် ပြည်ပမှ ပြန်လည်ရောက်ရှိ‌နေသော ပြည်သူ ၁၁၂ ဦးရှိကြောင်းသိရသည်။