မြို့နယ် COVID-19ကြိုတင်ကာကွယ် ထိန်းချုပ်ရေးကော်မတီအစည်းအဝေးတက်ရောက်

ရေတာရှည်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ကျော်သည် မတ်လ ၂၅ရက်နေ့ နံနက် ၁၀ နာရီတွင် ရေတာရှည်မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ကျင်းပသည့် မြို့နယ် COVID-19 ကြိုတင် ကာကွယ်ထိန်းချုပ်ရေး ကော်မတီအစည်း အဝေးသို့ တက်ရောက်ခဲ့သည်။

လွှတ်တော် ကိုယ်စားလှယ်နှင့် အတူ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် COVID-19 ကြိုတင်ကာကွယ် ထိန်းချုပ်ရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ထို့‌နောက် လွှတ်တော် ကိုယ်စားလှယ်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျန်းမာ‌ရေးဦးစီးမှူးတို့သည် ရေတာရှည်မြို့ဝန်းကျင်သို့ ပြည်ပမှ ပြန်လည်ရောက်ရှိလာမည့်သူများ ၁၄ ရက်စောင့်ကြည့် စုစည်းထားရှိမည့်နေရာ (မြို့မအားကစားရုံ) သို့ သွားရောက်ကြည့်ရှုခဲ့သည်။

ဆက်လက်၍ လွှတ်တော် ကိုယ်စားလှယ်နှင့်အဖွဲ့သည်ရေတာရှည်မြို့နယ်ပြည်သူ့ဆေးရုံခန်းမ၌ကျင်းပသည့် မြို့နယ်တွင်းရှိ‌ ကျေးရွာ အုပ်စု ကျန်းမာရေးမှူးများအား တွေ့ဆုံ၍ Hand Sanitizer(500ml)၄၅ဘူး‌ပေးအပ်ပွဲသို့တက်‌‌ရောက်ခဲ့ပြီး အလှူရှင်များကိုယ်စား ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။