covid-19 ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီအစည်းအဝေးသို့တက်ရောက်

ကဝမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမျိုးခိုင်သည် မတ်လ ၂၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ကဝမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနယာယီရုံးခန်း အစည်း ဝေးခန်းမ၌ ကျင်းပပြုလုပ်သော Covid-19 ကူးစက်မြန် အဆုပ်ရောင်ရောဂါကာကွယ်ထိန်းချုပ် ကုသ ရေးကော်မတီအစည်းအဝေး သို့ တက်ရောက်ခဲ့သည်။

အစည်းဝေးတွင် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအား quarantine ၁၄ ရက်စောင့်ကြည့် စစ် ဆေးရန် နေရာစုရပ်သတ်မှတ်ခြင်း၊ ရန်ပုံငွေ ထူထောင်ရေးကိစ္စ၊ ပြည်သူ အသိပညာပေးကိစ္စများ ဆွေး နွေးခဲ့ပြီး TMO Dr မောင်မောင်ချစ်မှ Covid-19 ကာကွယ်ရေးထိန်းချုပ်ရေး၊ ကုသရေး လုပ်ငန်းစဉ် အဆင့်ဆင့်ကို အသေးစိတ် ရှင်းလင်း တင်ပြခဲ့ပြီးနောက် တက်ရောက်လာသော ကော်မတီဝင်များမှ လုပ်ငန်းစဉ်များအား ဖြည့်စွက်ဆွေးနွေးခဲ့သည်။