OVID-19 နှင့် ပတ်သက်၍ ကြိုတင်ဆောင်ရွက်ထားရှိမှုလုပ်ငန်းစဉ်များဆွေးနွေးပွဲသို့

ကျောက်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် ၁တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူ လွင်သည် မတ်လ ၂၄ ရက်နေ့တွင် မုန်းအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ကိုရိုနာဗိုင်းရပ်စ် (COVID-19) နှင့် ပက်သက်၍ ထပ်မံ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် မုန်းဆေးရုံတွင် ကြိုတင် ဆောင်ရွက် ထားရှိမှုအခြေအနေများ၊ ဆက်လက်လုပ်ဆောင်ရန် လိုအပ်နေသေးသည့် လုပ်ငန်းစဉ်များ၊ မုန်း တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် နေရပ်ပြန် သူများ၏ ကျန်းမာရေး အခြေ အနေ များအား ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့မှအမိန့်ကြော်ငြာစာအားရပ်ရွာများအတွင်းသို့ လှည့်လည်ကြေညာရန်၊ ပြည်ပမှ ပြန်လည် ဝင်ရောက်လာသည့် နေရပ်ပြန်များအား စဉ်ဆက် မပျက် စောင့်ကြည့်သွားရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် များအား တိကျစွာလိုက်နာဆောင်ရွက်ရန် စသည့်အချက်များအား လမ်းညွှန်ခဲ့ခြင်းဖြစ်သည်။ အစည်းအဝေးသို့ လွှတ်တော် ကိုယ်စားလှယ်နှင့်အတူ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မုန်း တိုက်နယ် ဆရာဝန်၊ အမှတ်(၅၉၉) (၅၉၀)မှတာဝန်ခံများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများ၊ အရပ် ဘက် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များ၊ ဆေးရုံကော်မတီဝင်များ၊ ကျေးရွာတာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။