Covid -19 စောင့်ကြည့်နိုင်ရေးနှင့် ပတ်သက်သည့် အစည်းအဝေးသို့ တက်ရောက်

ပြည်မြို့နယ်မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်သည် မတ်လ ၂၄ ရက်နေ့ ညပိုင်းတွင် ဝက်ထီးကန်အုပ်ချုပ်‌ရေးမှူးရုံး၌ ကျင်းပသည့် ဝက်ထီးကန်နယ်မြေ အတွင်းသို့ ပြည်ပမှ နေရပ်သို့ ပြန်လာသူများအား Covid -19စောင့်ကြည့်နိုင်ရေးနှင့်ပတ်သက်သည့် အစည်းအဝေးသို့ ဝက်ထီးကန် အုပ်ချုပ်ရေးမှူး၊ စခန်းမှူး၊ ကျန်းမားရေးမှူး ၊ပြည်မြို့ရှိပရဟိတအဖွဲ့များ၊ ဝက်ထီးကန်မြို့ရှိ ပရဟိတအဖွဲ့များနှင့် အတူ တက်ရောက်ခဲ့ပြီး စောင့်ကြည့်ရေးစခန်းများ ဖွင့်လှစ်နိုင်ရေး တိုင်ပင်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။