ကွင်းဆင်းဆောင်ရွက်

ကျောက်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးတင်ဆန်းဦးသည် မတ်လ ၂၄ရက်နေ့က မြို့နယ်အတွင်းရှိ ထိုင်းနိုင်ငံပြန် အလုပ်သမား အများစု ရှိသောကျေးရွာများရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်အတူ COVID-19 ထိန်းချုပ်နိုင်မည့် နေအိမ်အတွင်းစောင့်ကြည့်မှုများ လုပ်ဆောင်နိုင်ရန် အသိပညာပေးဆွေးနွေမှုများဆောင်ရွက်ခဲ့သည်။

ညနေပိုင်းတွင် ကျောက်ကြီးမြို့နယ် အတွင်းရှိ တင်ဒါကျန်ကျောင်းများကို အမြန်ဆုံးဆောက်လုပ်နိုင်ရန် တာဝန်ယူ တည် ဆောက်ပေးမည့် KNU ဗဟိုစီးပွားရေးကုမ္ပဏီ သူးလေမှ တာဝန်ရှိသူများအား ကွင်းဆင်းပြသမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။