အစည်းအဝေးတက်ရောက်

ရေတာရှည်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာကျော်ကျော်သည် မတ် ၂၃ ရက်နေ့ နံနက်ပိုင်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ စည်ပင် AE၊ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ၊ မြို့နယ် အားကာနည်းစနစ်မှူးတို့နှင့် အတူ ရေတာရှည်မြို့ ဝန်းကျင်သို့ ပြည်ပနိုင်ငံမှ ပြန်‌ရောက်လာမည့်သူများကို ၁၄ ရက် စောင့်ကြည်ထားနိုင်ရန်လျာထားနေရာများအား သွားရောက် ရွေးချယ်ခဲ့ကြသည်။

ပြည်ပနိုင်ငံမှ ပြန်ရောက်လာမည့် အမျိုးသမီးများအား ရေတာရှည်မြို့ အားကစားကွင်းအဆောက်အဦတွင် လည်းကောင်း၊ အမျိုးသားများအား ရေတာရှည်မြို့ ရွှေကြက်ယက်ဘိုးမင်းခေါင် ဘုရားဓမ္မာရုံတွင်လည်း‌ကောင်း ထားရှိနိုင်ရန် ထိုနေရာများသို့ သွားရောက်ကြည့်ရှု၍ မီး၊ ရေ၊ သန့်စင်ခန်းများဆောင်ရွက်ရန် စီစဉ်ခဲ့ကြသည်။

လွှတ်‌တော် ကိုယ်စားလှယ်သည် ညနေ ၃ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပ သည့် COVID-19 ကြိုတင်ကာကွယ် ထိန်းချုပ်ရေး ကော်မတီအစည်းအဝေးသို့ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ် COVID-19 ကြိုတင်ကာကွယ်ထိန်းချုပ်ရေးကော်မတီဝင်များ၊ မြို့မအသီးသီးမှ မြို့အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ နှင့် အတူ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင်ပြည်ပနိုင်ငံများမှပြန်လည်ရောက်ရှိလာမည့် သူများအား ၁၄ ရက်စောင့်ကြည့်ထားနိုင်မည့်နေရာများ မြို့မလိုက်စီစဉ်ထားကြရန်၊ မြို့မလိုက် COVID-19 ကြိုတင် ကာကွယ်ထိန်းချုပ်ရေးအထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းထားရန်၊ အချိန်နှင့်တစ်ပြေးညီCOVID-19 ကြိုတင် ကာ ကွယ် ထိန်းချုပ်ကုသရေးဆိုင်ရာများအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အမိန့်‌ကြေညာချက်အတိုင်း လိုက်ပါဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ ကြောင်း သိရသည်။

ဆက်လက်၍ လွှတ်တော် ကိုယ်စားလှယ်သည် မြို့နယ် ပြည်သူပူးပေါင်းပါဝင်သော စီမံကိန်းလုပ်ငန်းများစိစစ်ရွေးချယ်ခြင်းအစည်းအဝေးသို့ မြို့နယ် အုပ်ချုုပ်ရေးမှူး၊ စီမံကိန်းလက်ထောက်ညွှန်ကြားရေးမှူး၊ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးအဖွဲ့တို့နှင့်အတူတက်ရောက်ခဲ့သည်၊၊