(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ကတိကဝတ်ပြုခဲ့သည့် ကြယ်ပွင့်ပြမေးခွန်းများနှင့် အဖြေများစာရင်း

ဖြေကြားသည့်ဌာန           လူမှုရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် –  ဦးဥာဏ်ဝင်း၊ ဇီးကုန်း(၁)

တင်သွင်းသည့်ရက်စွဲ − ၂၃.၅.၂၀၁၉၊ ၁၂/၁−၄−၇

အမေး

ဇီးကုန်းမြို့နယ်၊ နဂျီချောင်း အလယ် တန်းကျောင်းနှင့် ထန်းတပင်အလယ် တန်းကျောင်းတို့တွင် ကျောင်းဆောင် သစ် (၉၀’×၃၀’)တစ်လုံးစီ ဆောက် လုပ်ပေးရန် အစီအစဉ်ရှိ/ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း၊

အဖြေ

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် (အောက်တို ဘာလမှ စက်တင်ဘာလ)အတွင်း ငွေလုံးငွေရင်းခေါင်းစဉ်ဖြင့် တင်ပြတောင်းခံသွား =မည်ဖြစ်ပါကြောင်း၊

 

ဖြေကြားသည့်ဌာန           လူမှုရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် –  ဒေါက်တာကျော်ကျော်၊ ရေတာရှည်(၁)

တင်သွင်းသည့်ရက်စွဲ − ၂၄.၅.၂၀၁၉၊ ၁၂/၁−၅−၅

အမေး

ပဲခူးတိုင်းအရှေ့ခြမ်းရှိ ကျောင်း(၁၂) ကျောင်းသို့ Five Mascots Co.,Ltd မှ ပေးပို့ထားသော Water Supply Equipment ဆက်စပ်ပစ္စည်းများ အားအသုံးချနိုင်ရေးအတွက် ရေတွင်း တူးဖော်မှုဆက်လက်ဆောင်ရွက်မည့် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊

အဖြေ

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၏ သာမန် အသုံးစရိတ်ရန်ပုံငွေမှ ယခု Water Supply Equipment ရရှိထားသည့် ကျောင်းများအား စက်ရေတွင်းတူးဖော်နိုင်ရေးအတွက် ဦးစားပေးပြီး လျာထားတင်ပြပေးမည် ဖြစ်ပါကြောင်း၊

 

ဖြေကြားသည့်ဌာန           လူမှုရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် –  ဒေါက်တာကျော်ကျော်၊ ရေတာရှည်(၁)

တင်သွင်းသည့်ရက်စွဲ − ၂၄.၅.၂၀၁၉၊ ၁၂/၁−၅−၆

အမေး

ရေတာရှည်မြို့နယ်၊ ဆင်ဂွေ အ.လ. က တိုးချဲ့ကျောင်းဆောင်သစ်တစ်ဆောင် အမြန်ဆုံးချထားပေးနိုင်ရေး အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊

အဖြေ

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေမှ မြို့နယ်ဦးစားပေးအစီအစဉ်အတိုင်း ကျောင်းဆောင်သစ်တစ်ဆောင် တင်ပြတောင်းခံပေးမည်ဖြစ်ကြောင်း၊