(၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ကတိကဝတ်ပြုခဲ့သည့် ကြယ်ပွင့်ပြမေးခွန်းနှင့် အဖြေများစာရင်း

ဖြေကြားသည့်ဌာန          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့/အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် -ဦးကျော်ဇေယျ၊ ပြည်(၂)

တင်သွင်းသည့်ရက်စွဲ − ၁၇.၁၂.၂၀၁၉၊ ၁၄/၁-၇-၅

အမေး

ပြည်မြို့နယ်အတွင်းရှိ ပိတ်သိမ်းထား သော သုဿာန်မြေများအား State Land အဖြစ်သတ်မှတ်၍ လက္ကား ဈေး၊ ပန်းခြံ၊ အားကစားကွင်းများ အဖြစ် အကောင်အထည်ဖော်နိုင်ရေး လုပ်ဆောင်ပေးနိုင်ခြင်းရှိ/ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း။

ဆက်စပ်မေးခွန်း

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ SOPများ ချမှတ်ပြီး စနစ် တကျဦးဆောင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း ။

အဖြေ

သုဿာန်ဟောင်းမြေ(၄)ခုမှာမြို့တွင်းတွင် ကျရောက်လျက်ရှိသဖြင့် မြို့၏အချက် အချာကျသော နေရာတွင်ရှိသော်လည်း အသုံးပြုခြင်းမရှိတော့သည့်အတွက် လုပ် ထုံးလုပ်နည်းနှင့်အညီ အခြားနည်းသုံးစွဲ ခွင့်လျှောက်ထားပြီး မြို့ဖွံ့ဖြိုးရေးလုပ်ငန်း များဖြစ်သည့် လက်ကားဈေး၊ ပန်းခြံ၊ ကစားကွင်းများဆောက်လုပ်၍ အကျိုးရှိ အောင် အသုံးချသင့်ပါကြောင်း။

ဆက်စပ်အဖြေ

မြို့ပြဖွံဖြိုးရေး လုပ်ငန်းများဖြစ်သည့် လက်ကားဈေး၊ ပန်းခြံ၊ ကစားကွင်းများ ဆောက်လုပ်နိုင်ရန် မြေလွဲနှင့် အခြား နည်းသုံးစွဲခွင့်ရရှိရေးအတွက် ဆက်လက် ဆောင်ရွက်ရန် သက်ဆိုင်ရာစီမံခန့်ခွဲခွင့်ရှိ သော ဝန်ကြီးချုပ်ထံ တင်ပြပေးမည်ဖြစ် ကြောင်း၊ ဝန်ကြီးချုပ်၏မှတ်ချက်အတိုင်း ဆက်လက်၍ ကြိုးပမ်းဆောင်ရွက်ပေး မည် ဖြစ်ပါကြောင်း။

 

ဖြေကြားသည့်ဌာန          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့/အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် -ဦးအေးမင်းဝင်း၊ တောင်ငူ(၁)

တင်သွင်းသည့်ရက်စွဲ − ၁၇.၁၂.၂၀၁၉၊ ၁၄/၁-၇-၈

အမေး

တောင်ငူမြို့၊ကားကြီးဝန်းယာဉ်ရပ်နား စခန်း မြေနေရာအား သတ်မှတ်ပေး ရန်ကြန့်ကြာနေမှုအား သိရှိလိုကြောင်း နှင့် စပ်လျဉ်းသည့်မေးခွန်း။

ဆက်စပ်မေးခွန်း

ကားကြီးဝင်းယာဉ်ရပ်နားစခန်း မြေ နေရာရရှိပြီးဖြစ်သော်လည်းမြေနေရာ သတ်မှတ်ပေးရန်အတွက် ခွင့်ပြုမိန့် ရရှိရန် မည်သည့်အတွက်ကြောင့် ကြန့်ကြာနေသည်ကိုသိရှိလိုပါကြောင်း နှင့် စပ်လျဉ်းသည့်မေးခွန်း။

အဖြေ

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ရေး ဆွဲတင်ပြသည့် Town Plan စီမံချက်နှင့် ပတ်သက်၍ ယနေ့အထိ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုမိန့်ဆောင်ရွက်ဆဲ ဖြစ်ပါကြောင်း။

ဆက်စပ်အဖြေ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ထံ ဆက်လက်တင်ပြ ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း။

 

ဖြေကြားသည့်ဌာန          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့/အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် -ဦးသက်ဝင်းလှိုင်၊ ပြည်(၁)

တင်သွင်းသည့်ရက်စွဲ − ၂၀.၁၂.၂၀၁၉၊ ၁၄/၁-၁၀-၂

အမေး

ပြည်မြို့နယ်တွင် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၏ဝန်ထမ်း လိုင်းခန်းအား ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင်အသစ် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း။

အဖြေ

(၂၀၂၀-၂၀၂၁) ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေ ရင်းအသုံးစရိတ်တွင် ဘဏ္ဍာငွေခွဲဝေရရှိ ပါကဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း။

 

ဖြေကြားသည့်ဌာန          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့/အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် -ဦးစောသူရအောင်၊ အုတ်ဖို(၂)

တင်သွင်းသည့်ရက်စွဲ − ၂၀.၁၂.၂၀၁၉၊ ၁၄/၁-၁၀-၅

အမေး

ပဲခူးတိုင်းဒေသကြီးအစိုးရသည် မိမိ နယ်မြေဒေသ၏အခြေအနေအရပ်ရပ် နှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီး လွှတ်တော်သို့တင်ပြရန် အစီအစဉ်ရှိ/ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း။

ဆက်စပ်မေးခွန်း

တိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီရင်ခံ စာများအားတိုင်းဒေသကြီးလွှတ်တော် သို့ပေးပို့ရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း။

အဖြေ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒုတိယ (၁)နှစ်တာနှင့် တတိယ(၁)နှစ်တာအတွက် အစီရင်ခံစာကို ပြန်ကြားရေးဝန်ကြီးဌာန သို့ တင်ပြနိုင်ရေးဆောင်ရွက်လျက်ရှိပါ သဖြင့် တင်ပြသည့်အချိန်တွင် ပဲခူးတိုင်း ဒေသကြီးလွှတ်တော်သို့ ဆက်လက်ပေးပို့ သွားမည်ဖြစ်ပါကြောင်း။

ဆက်စပ်အဖြေ

စာဖြင့်ပြန်လည်ဖြေကြားပေးမည် ဖြစ်ပါကြောင်း။

 

ဖြေကြားသည့်ဌာန          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့/အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် -ဦးသက်ဝင်းလှိုင်၊ ပြည်(၁)

တင်သွင်းသည့်ရက်စွဲ − ၂၀.၁၂.၂၀၁၉၊ ၁၄/၁-၁၀-၂

အမေး

ပြည်မြို့နယ်တွင် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၏ဝန်ထမ်း လိုင်းခန်းအား ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင်အသစ် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း။

အဖြေ

(၂၀၂၀-၂၀၂၁) ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေ ရင်းအသုံးစရိတ်တွင် ဘဏ္ဍာငွေခွဲဝေရရှိ ပါကဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း။

 

ဖြေကြားသည့်ဌာန          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့/အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် -ဦးအောင်နိုင်ဦး၊ ညောင်လေးပင်(၁)

တင်သွင်းသည့်ရက်စွဲ − ၂၀.၁၂.၂၀၁၉၊ ၁၄/၁-၁၀-၆

အမေး

အဆောက်အဦ၊ လမ်း၊ တံတား စသည့် တည်ဆောက်ရေးလုပ်ငန်း များတွင်သတ်မှတ်ချက်အရည်အသွေး ပြည့်မှီအောင် ဆောင်ရွက်မှုမရှိခြင်း နှင့် သတ်မှတ်ကာလအတွင်း ပြီးစီး အောင်မဆောင်ရွက်နိုင်သည့် ကုမ္ပဏီ များနှင့်အဆိုပါလုပ်ငန်းများကိုအရည် အသွေးစစ်ဆေးရန်BRCB(T)မှငှားရမ်း ထားသည့် Q.Cအဖွဲ့များကို ထိရောက် စွာအရေးယူဆောင်ရွက်ရန်အစီအစဉ် ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း။

ဆက်စပ်မေးခွန်း

ငှားရမ်းထားသော QC အဖွဲ့များကို မည်ကဲ့သို့ထိထိရောက်ရောက်အရေးယူ ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း နှင့် စပ်လျဉ်းသည့်မေးခွန်း။

အဖြေ

လာမည့် ဘဏ္ဍာနှစ်လုပ်ငန်းများမှစ၍ လုပ်ငန်းနှင့်ဌာနများက စည်းကမ်းဖောက် ဖျက်သော ကန်ထရိုက်တာများကိုလုပ်ငန်း ရပ်စဲခြင်းအပါအဝင် လိုအပ်သောအရေး ယူမှုများ မျက်ခြေမပြတ်စောင့်ကြပ်စိစစ် အရေးယူရေးတွန်းအားပေးဆောင်ရွက်စေ မည်ဖြစ်ပါကြောင်း။

ဆက်စပ်အဖြေ

QC အဖွဲ့အားရွေးချယ်ရန်အတွက် တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ BRCB(T) အား တာဝန်ပေးအပ်ထားပါကြောင်းနှင့် တာဝန် မဲ့စွာဆောင်ရွက်သော QC အဖွဲ့များကို မည်ကဲ့သို့ အရေးယူဆောင်ရွက်ထားသည် ကို BRCB(T)သို့ မေးမြန်းပြီးမှသာ စာဖြင့် ပြန်လည်ဖြေကြားပေးမည်ဖြစ်ပါကြောင်း။

 

ဖြေကြားသည့်ဌာန          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့/အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် -ဦးမောင်မောင်လွင်၊ သာယာဝတီ(၂)

တင်သွင်းသည့်ရက်စွဲ − ၂၀.၁၂.၂၀၁၉၊ ၁၄/၁-၁၀-၇

အမေး

QC ကုမ္ပဏီများအား မည်သို့သော အရည်အချင်း သတ်မှတ်ချက်၊ စည်း မျဉ်းစည်းကမ်းချက်များနှင့် ရွေးချယ် သည်ကိုသိရှိလိုပါကြောင်းနှင့်စပ်လျဉ်း သည့်မေးခွန်း။

ဆက်စပ်မေးခွန်း

ရွေးချယ်ပြီးကုမ္ပဏီများကို မည်ကဲ့သို့ စည်းမျဉ်းစည်းကမ်းများနှင့်ထိန်းကျောင်း ကြီးကြပ်မည်ကို သိရှိလိုပါကြောင်း နှင့် စပ်လျဉ်းသည့်မေးခွန်း။

အဖြေ

အကဲဖြတ်အမှတ်ပေးဇယားအရ ထပ်မံ စိစစ်၍ ယခုဘဏ္ဍာနှစ်အတွင်းဆောင်ရွက် မည့်တင်ဒါလုပ်ငန်းပမာဏ၊ အရေအတွက် တို့နှင့် ချင့်ချိန်၍ Third Party ကုမ္ပဏီ (၃၀)မှ (၃၅)ခန့် ရွေးချယ်တာဝန်ပေးမည် ဖြစ်ပါကြောင်း။

ဆက်စပ်အဖြေ

QC ၏ အားနည်းချက် Third Party ၏ အားနည်းချက်များကိုစုစည်းပြီးတိုင်းဒေသ ကြီး လွှတ်တော်၏ အကြံပေးချက်များနှင့် အညီညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း နှင့် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးလွှတ်တော်သို့ အကြံဉာဏ် တောင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 

ဖြေကြားသည့်ဌာန          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့/အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် -ဦးကျော်ဇေယျ၊ ပြည်(၂)

တင်သွင်းသည့်ရက်စွဲ − ၈.၁.၂၀၂၀၊ ၁၄/၁-၁၄-၁

အမေး

ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ ဗိုလ် တစ်ထောင်ကွက်သစ်အတွင်း အစိုးရ အဆက်ဆက် ကတိကဝတ်ဖြစ်နေ သည့် ရပ်ကွက်ဈေး၊ စာသင်ကျောင်း၊ ပန်းခြံများဆောင်ရွက်နိုင်ရေး မြေ နေရာရရှိရန်အတွက် ညှိနှိုင်းဆောင် ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း။

ဆက်စပ်မေးခွန်း

မူလပိုင်ရှင်(၁၂)ဦးအား မြေအစားထိုး ပေးအပ်ခွင့် ခွင့်ပြုပါက မူလပိုင်ရှင် များနှင့် သဘောတူညီမှုရရှိရေးညှိနှိုင်း ဆောင်ရွက်ရန်၊ မြေအစားထိုးပေးအပ် ရန်အတွက် ညွှန်ကြားပေးရန် အစီ အစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

အဖြေ

အဆိုပါမြေများပေါ်တွင် မူလပိုင်ရှင်(၁၂) ဦးအား မြေအစားထိုးပေးအပ်ခွင့် ခွင့်ပြုပါ က မူလပိုင်ရှင်များနှင့် သဘောတူညီမှုရရှိ ရေး ညှိနှိုင်းဆောင်ရွက်က်အထက်အဆင့် ဆင့်သို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း။

ဆက်စပ်အဖြေ

မြို့မြေချထားရေးကော်မတီ ဥက္ကဋ္ဌထံ တင်ပြဆောင်ရွက်ပေးသွားမည် ဖြစ်ပါ‌ ကြောင်း။

 

ဖြေကြားသည့်ဌာန          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့/အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် -ဦးညီညီထွေး၊ ညောင်လေးပင်(၂)

တင်သွင်းသည့်ရက်စွဲ − ၈.၁.၂၀၂၀၊ ၁၄/၁-၁၄-၂

အမေး

မြို့ပေါ်ရပ်ကွက်များ တိုးချဲ့ခဲ့စဉ်က မြို့ကွက်ချထားသော အကွက်ချမြေပုံ များအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်များစုပေါင်း ၍ ပြန်လည်သုံးသပ်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေ ဖြင့် စီမံညွှန်ကြားဆောင်ရွက်ပေးနိုင် ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဆက်စပ်မေးခွန်း

မြို့ပေါ်ရပ်ကွက်များ တိုးချဲ့စဉ်က မြို့ ကွက်များချထားသော အကွက်ချ မြေပုံများအား ပြန်လည်စိစစ်လိုသည့် ကိစ္စနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်အတွက် ခရိုင်၊မြို့နယ်၊ မြို့မြေနေရာချထားရေးကော်မတီသို့ ညွှန်ကြားပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း။

အဖြေ

မြို့ပေါ်ရပ်ကွက်များတိုးချဲ့ခဲ့စဉ်ကမြို့ကွက် ချထားသော အကွက်ချမြေပုံများအား ပြန် လည်စိစစ်လိုသည့်ကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ သက်ဆိုင်ရာ ခရိုင်မြို့မြေချထားရေး ကော်မတီတို့နှင့် ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်သွားရမည့်ကိစ္စဖြစ်ပါကြောင်း။

ဆက်စပ်အဖြေ

ခရိုင်မြို့မြေချထားရေး ကော်မတီဥက္ကဋ္ဌထံ ဆက်လက်တင်ပြ ဆောင်ရွက်ပေးသွား မည် ဖြစ်ပါကြောင်း။