(၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ကတိကဝတ်ပြုခဲ့သည့် ကြယ်ပွင့်ပြမေးခွန်းနှင့် အဖြေများစာရင်း

ဖြေကြားသည့်ဌာန          လူမှုရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် – ဦးစည်သူလွင်၊ ကျောက်ကြီး(၁)

တင်သွင်းသည့်ရက်စွဲ − ၁၁.၁၂.၂၀၁၉၊ ၁၄/၁-၃-၅

အမေး

ကျောက်ကြီးမြို့နယ်၊ ကျွန်းပင်ဆိပ် ကျေးရွာအုပ်စု၊ ကျွန်းပင်ဆိပ်ကျေးရွာ တိုက်နယ်ဆေးရုံအားမည်သည့်အချိန် တွင် ဖွင့်လှစ်ပေးမည်ကို သိရှိလိုပါ ကြောင်းနှင့် စပ်လျဉ်းသည့်မေးခွန်း။

ဆက်စပ်မေးခွန်း

ကျွန်းပင်ဆိပ်တိုက်နယ်ဆေးရုံ ဆောက် လုပ်သည့် ကုမ္ပဏီအား (၄)ကြိမ် အကြောင်းကြားထားသော်လည်း ဆက်သွယ် ဆောင်ရွက်မှုမရှိသဖြင့် စာချုပ်ပါအတိုင်း မည်ကဲ့သို့ အရေးယူ ဆောင်ရွက်မည်နှင့် မည်သည့်အချိန် တွင် ဖွင့်လှစ်ပေးမည်ကို တိတိကျကျ သိရှိလိုပါကြောင်းနှင့် စပ်လျဉ်းသည့် မေးခွန်း။

အဖြေ

ကျွန်းပင်ဆိပ်တိုက်နယ်ဆေးရုံ၏ ကျန်ရှိ နေသောလုပ်ငန်းအနည်းငယ်အား ကုမ္ပဏီ မှ အပြီးသတ်ဆောင်ရွက်ပြီး တိုက်နယ် ဆေးရုံအတွက်လိုအပ်လျက်ရှိသောဆေးရုံ သုံးပစ္စည်းများ ထောက်ပံ့ပေးပြီးဖြစ်ပါက တိုက်နယ်ဆေးရုံ ဖွင့်လှစ်ဆောင်ရွက်နိုင် မည်ဖြစ်ပါကြောင်း။

ဆက်စပ်အဖြေ

တိုက်နယ်ဆေးရုံဖွင့်လှစ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်မည် ဖြစ်ပါ ကြောင်းနှင့် ကုမ္ပဏီအနေဖြင့် လာရောက် ခြင်းမရှိပါက စာချုပ်ပါအတိုင်း အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

ဖြေကြားသည့်ဌာန          လူမှုရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် – ဗိုလ်မှူးသိန်းထူး၊ တပ်မတော်သား

တင်သွင်းသည့်ရက်စွဲ − ၁၁.၁၂.၂၀၁၉၊ ၁၄/၁-၃-၇

အမေး

ပန်းတောင်းမြို့နယ်၊ ပေကုန်းအထက် တန်းကျောင်းခွဲရှိ ကျောင်းဆောင်များ ပျက်စီးနေမှုအား ပြင်ဆင်ပေးရန် အစီ အစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဆက်စပ်မေးခွန်း

ကျန်ကျောင်း(၁)ဆောင်သည်ကျောင်း မျက်နှာစာဖြစ်နေသည့်အပြင်စာကြည့် တိုက်၊ ကျောင်းအုပ်ကြီးရုံးခန်း၊ လက် တွေ့စမ်းသပ်ခန်းပါရှိနေသဖြင့် မရှိ မဖြစ်လိုအပ်သည့်အတွက် မည်သို့ ဆက်လက် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်းနှင့် စပ်လျဉ်းသည့် မေးခွန်း။

အဖြေ

ပျက်စီးနေသော (၁၇၀ _၂၇)ပေ ကျောင်း ဆောင်အား ပြင်ဆင်ရန်အတွက် (၂၀၂၀- ၂၀၂၁)ဘဏ္ဍာရေးနှစ်တွင် (၀၄၀၂)ရန်ပုံငွေ ဖြင့် အကြီးစားပြင်ဆင်ရန် မြို့နယ်ဦးစား ပေးအမှတ်စဉ်(၁)ဖြင့်လျာထားတင်ပြထား ပြီးဖြစ်ပါကြောင်း။

ဆက်စပ်အဖြေ

စာဖြင့်ပြန်လည်ဖြေကြားပေးမည် ဖြစ်ပါကြောင်း။

 

ဖြေကြားသည့်ဌာန          လူမှုရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် – ဗိုလ်မှူးသိန်းထူး၊ တပ်မတော်သား

တင်သွင်းသည့်ရက်စွဲ − ၁၁.၁၂.၂၀၁၉၊ ၁၄/၁-၃-၈

အမေး

ပန်းတောင်းမြို့နယ်၊ဒန့်သလွန်အခြေခံ ပညာအထက်တန်းကျောင်းခွဲရှိကျောင်း ဆောင်များပျက်စီးနေမှုကို ဖျက်သိမ်း ၍ ကျောင်းဆောင်သစ်ဆောက်လုပ် ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း။

ဆက်စပ်မေးခွန်း

ဒန့်ဒလွန်ကျောင်းခွဲသည် ယခုနှစ်မှ စဖွင့်သည့် အထက်တန်းကျောင်းခွဲ ဖြစ်ပြီး ယခုနှစ်တွင် (နဝမတန်း)အထိ သာရှိပါသဖြင့် နောင်လာမည့် ပညာ သင်နှစ်တွင် (ဒသမတန်း) ကျောင်း သားများအတွက် ပညာသင်ရန်နေရာ လုံးဝမရှိပါသဖြင့် မည်သို့ ဆောင်ရွက် ပေးမည်ကိုသိရှိလိုကြောင်းနှင့် စပ်လျဉ်း သည့်မေးခွန်း။

အဖြေ

(၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်တွင် ငွေလုံး ငွေရင်းရန်ပုံငွေ၊ လွှတ်တော်ကတိကဝတ် ခေါင်းစဉ်ဖြင့် အန္တရာယ်ရှိကျောင်းဆောင် (၈၀ _ ၃၀)ပေအားဖျက်သိမ်း၍ (၉၀ _၃၀) ပေ Steel Structure (၁)ထပ် ကျောင်း ဆောင်သစ်ဆောက်လုပ်ရန် မြို့နယ်ဦးစား ပေး အမှတ်စဉ်(၁၁)ဖြင့် လျာထားတင်ပြ ထားပြီးဖြစ်ကြောင်း။

ဆက်စပ်အဖြေ

စာဖြင့်ပြန်လည်ဖြေကြားပေးမည် ဖြစ်ပါ ကြောင်း။

 

ဖြေကြားသည့်ဌာန          လူမှုရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် – ဗိုလ်မှူးသိန်းထူး၊ တပ်မတော်သား

တင်သွင်းသည့်ရက်စွဲ − ၁၁.၁၂.၂၀၁၉၊ ၁၄/၁-၃-၈

အမေး

ပန်းတောင်းမြို့နယ်၊ဒန့်သလွန်အခြေခံ ပညာအထက်တန်းကျောင်းခွဲရှိကျောင်း ဆောင်များပျက်စီးနေမှုကို ဖျက်သိမ်း ၍ ကျောင်းဆောင်သစ်ဆောက်လုပ် ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း။

ဆက်စပ်မေးခွန်း

ဒန့်ဒလွန်ကျောင်းခွဲသည် ယခုနှစ်မှ စဖွင့်သည့် အထက်တန်းကျောင်းခွဲ ဖြစ်ပြီး ယခုနှစ်တွင် (နဝမတန်း)အထိ သာရှိပါသဖြင့် နောင်လာမည့် ပညာ သင်နှစ်တွင် (ဒသမတန်း) ကျောင်း သားများအတွက် ပညာသင်ရန်နေရာ လုံးဝမရှိပါသဖြင့် မည်သို့ ဆောင်ရွက် ပေးမည်ကိုသိရှိလိုကြောင်းနှင့် စပ်လျဉ်း သည့်မေးခွန်း။

အဖြေ

(၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်တွင် ငွေလုံး ငွေရင်းရန်ပုံငွေ၊ လွှတ်တော်ကတိကဝတ် ခေါင်းစဉ်ဖြင့် အန္တရာယ်ရှိကျောင်းဆောင် (၈၀ _ ၃၀)ပေအားဖျက်သိမ်း၍ (၉၀ _၃၀) ပေ Steel Structure (၁)ထပ် ကျောင်း ဆောင်သစ်ဆောက်လုပ်ရန် မြို့နယ်ဦးစား ပေး အမှတ်စဉ်(၁၁)ဖြင့် လျာထားတင်ပြ ထားပြီးဖြစ်ကြောင်း။

ဆက်စပ်အဖြေ

စာဖြင့်ပြန်လည်ဖြေကြားပေးမည် ဖြစ်ပါ ကြောင်း။

 

ဖြေကြားသည့်ဌာန          လူမှုရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် – ဒေါ်လှလှဝင်း၊ ရွှေကျင်(၂)

တင်သွင်းသည့်ရက်စွဲ − ၁၈.၁၂.၂၀၁၉၊ ၁၄/၁-၈-၂

အမေး

ရွှေကျင်မြို့နယ်၊ဝိုင်ပျဉ်ရေကျေးလက် ကျန်းမာရေးဌာနခွဲကို ဝိုင်းပျဉ်ရေ ကျန်းမာရေးဌာနအဆင့်သို့တိုးမြှင့်ခွင့် ချထားပေးနိုင်ခြင်းရှိ၊ မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း။

အဖြေ

ရွှေကျင်မြို့နယ်၊ ဝိုင်းပျဉ်ရေကျေးလက် ကျန်းမာရေးဌာနခွဲကို ကျေးလက်ကျန်းမာ ရေးအဆင့်တိုးမြှင့်ဖွင့်လှစ်နိုင်ရန် ပဲခူးတိုင်း ဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ (၁၃.၇.၂၀၁၇)ရက်စွဲပါစာဖြင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ နေပြည်တော်သို့ တင်ပြထားပြီးဖြစ်ပါကြောင်းနှင့် ထပ်မံ တင်ပြသွားမည်ဖြစ်ပါကြောင်း။

 

ဖြေကြားသည့်ဌာန          လူမှုရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် – ဒေါ်လှလှဝင်း၊ ရွှေကျင်(၂)

တင်သွင်းသည့်ရက်စွဲ − ၁၈.၁၂.၂၀၁၉၊ ၁၄/၁-၈-၃

အမေး

ရွှေကျင်မြို့နယ်၊ သံဆိပ်ကျေးရွာ ပြည်သူ့ကျန်းမာရေးဌာနမှ ခွဲထွက်ပြီး အင်္ဂနီကျေးရွာသို့ ကျန်းမာရေးဌာနခွဲ အဖြစ်ထပ်တိုးပေးပါရန် ခွင့်ပြုပေးနိုင် ခြင်းရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း။

အဖြေ

ရွှေကျင်မြို့နယ်၊ သံဆိပ်ကျေးလက် ကျန်းမာရေးဌာနအပိုင် အင်္ဂနီကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ (အသစ်) တိုးမြှင့်ဖွင့်လှစ်နိုင်ရန် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ (၂၆.၁၀. ၂၀၁၆) ရက်စွဲပါစာဖြင့် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ နေပြည်တော်သို့တင်ပြထား ပြီးဖြစ်ပါကြောင်းနှင့် ထပ်မံတင်ပြသွား မည်ဖြစ်ပါကြောင်း။

 

ဖြေကြားသည့်ဌာန          လူမှုရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် – ဒေါ်ပပဟန်၊ ပန်းတောင်း(၂)

တင်သွင်းသည့်ရက်စွဲ − ၁၈.၁၂.၂၀၁၉၊ ၁၄/၁-၈-၄

အမေး

ပန်းတောင်းမြို့နယ်၊ကျောက်ဖူးအုပ်စု၊ ကန့်ကူကျေးရွာအခြေခံပညာမူလတန်း ကျောင်းတွင် ကျောင်းဆောင်သစ် တစ်ဆောင်အား အနီးစပ်ဆုံးဘဏ္ဍာ ရေးနှစ်တွင် ထည့်သွင်းဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း။

အဖြေ

(၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်တွင်ငွေလုံးငွေရင်း ရန်ပုံငွေ၊လွှတ်တော်ကတိကဝတ်ခေါင်းစဉ် တွင် အန္တရာယ်ရှိကျောင်းဆောင်အား ဖျက်သိမ်း၍(၆၀_၃၀)ပေSteel Structure (၁)ထပ် ကျောင်းဆောင်သစ်ဆောက်လုပ် ရန် မြို့နယ်ဦးစားပေး အမှတ်စဉ်(၉)ဖြင့် လျာထားတင်ပြထားပြီးဖြစ်ကြောင်း။

 

ဖြေကြားသည့်ဌာန          လူမှုရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် – ဒေါ်ပပဟန်၊ ပန်းတောင်း(၂)

တင်သွင်းသည့်ရက်စွဲ − ၁၈.၁၂.၂၀၁၉၊ ၁၄/၁-၈-၅

အမေး

ပန်းတောင်းမြို့နယ်၊ကျောက်ဖူးအုပ်စု၊ ဘင်္ဂကျေးရွာ အခြေခံပညာမူလတန်း ကျောင်းတွင် ကျောင်းဆောင်သစ် တစ်ဆောင်အား အနီးစပ်ဆုံးဘဏ္ဍာ ရေးနှစ်တွင် ထည့်သွင်းဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း။

အဖြေ

(၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်တွင်ငွေလုံးငွေရင်း ရန်ပုံငွေ၊လွှတ်တော်ကတိကဝတ်ခေါင်းစဉ် တွင်အန္တရာယ်ရှိကျောင်းဆောင်အား ဖျက် သိမ်း၍(၆၀ _၃၀)ပေ Steel Structure (၁)ထပ် ကျောင်းဆောင်သစ်ဆောက်လုပ် ရန် မြို့နယ်ဦးစားပေး အမှတ်စဉ်(၁၂)ဖြင့် လျာထားတင်ပြထားပြီးဖြစ်ကြောင်း။

 

ဖြေကြားသည့်ဌာန          လူမှုရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် – ဒေါ်ပပဟန်၊ ပန်းတောင်း(၂)

တင်သွင်းသည့်ရက်စွဲ − ၁၈.၁၂.၂၀၁၉၊ ၁၄/၁-၈-၆

အမေး

ပန်းတောင်းမြို့နယ်၊စည်သာရပ်ကွက်၊ အခြေခံပညာမူလတန်း(လွန်)ကျောင်း တွင် ကျောင်းဆောင်သစ်တစ်ဆောင် အား အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းဆောင်ရွက်ပေးရန် အစီ အစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

အဖြေ

(၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်တွင်ငွေလုံးငွေရင်း ရန်ပုံငွေ၊လွှတ်တော်ကတိကဝတ်ခေါင်းစဉ် တွင် အန္တရာယ်ရှိကျောင်းဆောင်အားဖျက် သိမ်း၍(၆၀ _၃၀)ပေ Steel Structure (၁)ထပ် ကျောင်းဆောင်သစ်ဆောက်လုပ် ရန် မြို့နယ်ဦးစားပေး အမှတ်စဉ်(၈)ဖြင့် လျာထားတင်ပြထားပြီးဖြစ်ကြောင်း။

 

ဖြေကြားသည့်ဌာန          လူမှုရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် – ဒေါ်ပပဟန်၊ ပန်းတောင်း(၂)

တင်သွင်းသည့်ရက်စွဲ − ၁၀.၁.၂၀၂၀၊ ၁၄/၁-၁၆-၃

အမေး

ပန်းတောင်းမြို့နယ်၊ မကြီးထုံးအုပ်စု၊ မကြီးထုံးကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျောင်း ဆောင်သစ်တစ်ဆောင်အား အနီးစပ် ဆုံးဘဏ္ဍာရေးနှစ်တွင် ထည့်သွင်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း။

အဖြေ

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ငွေလုံး ငွေရင်းရန်ပုံငွေ၊ လွှတ်တော်ကတိကဝတ် ခေါင်းစဉ်ဖြင့် ကျောင်းသားဦးရေနှင့်တန်းခွဲ အရ (၆၀ _၃၀)ပေ Steel Structure (၁) ထပ် တိုးချဲ့ကျောင်းဆောင်သစ်ဆောက် လုပ်ရန် မြို့နယ်ဦးစားပေး အမှတ်စဉ်(၁၄) ဖြင့်လျာထားတင်ပြထားပြီးဖြစ်ပါကြောင်း

 

ဖြေကြားသည့်ဌာန          လူမှုရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် – ဒေါ်ပပဟန်၊ ပန်းတောင်း(၂)

တင်သွင်းသည့်ရက်စွဲ − ၁၀.၁.၂၀၂၀၊ ၁၄/၁-၁၆-၄

အမေး

ပန်းတောင်းမြို့နယ်၊ ကျောက်ဖူး ကျေးရွာ၊ အခြေခံပညာအလယ်တန်း ကျောင်းတွင် ကျောင်းဆောင်သစ် တစ်ဆောင်အား အနီးစပ်ဆုံးဘဏ္ဍာ ရေးနှစ်တွင် ထည့်သွင်းဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း။

အဖြေ

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ငွေလုံး ငွေရင်းရန်ပုံငွေ၊ လွှတ်တော်ကတိကဝတ် ခေါင်းစဉ်ဖြင့် ကျောင်းသားဦးရေနှင့်တန်းခွဲ အရ (၁၂၀ _၃၀)ပေ Steel Structure (၁) ထပ် တိုးချဲ့ကျောင်းဆောင်သစ်ဆောက် လုပ်ရန် မြို့နယ်ဦးစားပေး အမှတ်စဉ်(၁၀) ဖြင့်လျာထားတင်ပြထားပြီးဖြစ်ပါကြောင်း

 

ဖြေကြားသည့်ဌာန          လူမှုရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် – ဒေါ်ပပဟန်၊ ပန်းတောင်း(၂)

တင်သွင်းသည့်ရက်စွဲ − ၁၀.၁.၂၀၂၀၊ ၁၄/၁-၁၆-၅

အမေး

ပန်းတောင်းမြို့နယ်၊ကျောက်ဖူးအုပ်စု၊ ချောင်းသုံးခွကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်းတွင်ကျောင်းဆောင် သစ်တစ်ဆောင်အား အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းဆောင် ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း။

အဖြေ

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ငွေလုံး ငွေရင်းရန်ပုံငွေ၊ လွှတ်တော်ကတိကဝတ် ခေါင်းစဉ်ဖြင့် အန္တရာယ်ရှိကျောင်းဆောင် အားဖျက်သိမ်း၍ (၆၀ _၃၀)ပေSteel Structure (၁)ထပ် တိုးချဲ့ကျောင်းဆောင် သစ်ဆောက်လုပ်ရန် မြို့နယ်ဦးစားပေး အမှတ်စဉ်(၁၃)ဖြင့် လျာထားတင်ပြထား ပြီးဖြစ်ပါကြောင်း

 

ဖြေကြားသည့်ဌာန          လူမှုရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် – ဦးရဲလင်းနိုင်၊ ပေါင်းတည်(၁)

တင်သွင်းသည့်ရက်စွဲ − ၁၀.၁.၂၀၂၀၊ ၁၄/၁-၁၆-၈

အမေး

ပေါင်းတည်မြို့နယ်တွင် စီမံကိန်းတွင် အတည်ပြုပါဝင်ခဲ့သော်လည်း ဆောက် လုပ်နိုင်ခဲ့ခြင်းမရှိသော ကျောင်းများ အား ဦးစားပေးဆောင်ရွက်ပေးရန်နှင့် ကျောင်းသားဦးရေအရတိုးချဲ့ကျောင်း ဆောင်များ ဆောက်လုပ်ပေးရန် အစီ အစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဆက်စပ်မေးခွန်း

အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)ရုပ်ဆိုင်ကျောင်း ဆောက်လုပ်ခြင်း နှင့်ပတ်သက်၍ပြင်ထိန်းမှဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း။

အဖြေ

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း လွှတ်တော်ကတိကဝတ် ခေါင်းစဉ်တွင်  ကျောင်းသားဦးရေအရ အ.ထ.က(ခွဲ) မြေနံသာကျောင်းအတွက် (၁၂၀ _၃၀)ပေ Steel Structure (၁)ထပ်ဆောင် (၁) ဆောင် တိုးချဲ့ဆောက်လုပ်ရန် မြို့နယ် ဦးစားပေးအမှတ်စဉ်(၂)ဖြင့်လည်းကောင်း၊ အ.လ.ကကျူတောကန်အတွက်(၉၀_၃၀) ပေ Steel Structure (၁)ထပ်ဆောင် (၁) ဆောင် တိုးချဲ့ဆောက်လုပ်ရန် မြို့နယ် ဦးစားပေးအမှတ်စဉ်(၃)ဖြင့်လည်းကောင်း၊ အ.မ.က(လွန်)အောင်သပြေအတွက် (၆၀ _၃၀)ပေ Steel Structure (၁)ထပ်ဆောင် (၁)ဆောင် တိုးချဲ့ဆောက်လုပ်ရန် မြို့နယ် ဦးစားပေးအမှတ်စဉ်(၄)ဖြင့်လည်းကောင်း၊ အ.ထ.က မင်းကွတ်ကျောင်းအတွက် (၁၂၀ _ ၃၀)ပေ Steel Structure (၁)ထပ် ဆောင် (၁) ဆောင် တိုးချဲ့ဆောက်လုပ်ရန် မြို့နယ် ဦးစားပေးအမှတ်စဉ်(၆)ဖြင့်လည်း ကောင်း၊ အ.ထ.က မှတ်တိုင်ကျောင်း အတွက် (၁၂၀ _၃၀)ပေ Steel Structure (၁)ထပ်ဆောင် (၁)ဆောင် တိုးချဲ့ဆောက် လုပ်ရန် မြို့နယ်ဦးစားပေး အမှတ်စဉ် (၅)ဖြင့်လည်းကောင်း၊ အ.လ.က(ခွဲ) ရုပ်ဆိုင်ကျောင်းအား မြို့နယ်ဦးစားပေး အမှတ်စဉ်(၁)ဖြင့်လည်းကောင်း လျာထား တင်ပြထားပြီးဖြစ်ပါကြောင်း။

ဆက်စပ်အဖြေ

စာဖြင့်ပြန်လည်ဖြေကြားပေးမည် ဖြစ်ပါ ကြောင်း။

 

ဖြေကြားသည့်ဌာန          လူမှုရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် – ဦးအေးမင်းဝင်း၊ တောင်ငူ(၁)

တင်သွင်းသည့်ရက်စွဲ − ၁၃.၁.၂၀၂၀၊ ၁၄/၁-၁၇-၄

အမေး

ရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီးဌာန ၂၀၁၉-၂၀၂၀ဘဏ္ဍာ ရေးနှစ်တွင် တိုင်းဒေသကြီးခွင့်ပြု ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် တောင်ငူ ကေတုမတီမြို့ဟောင်း ကျုံးပြန်လည် တူးဖော်ထိန်းသိမ်းခြင်းနှင့် ယိုးဒယား ပေါက်မှဘုရင့်နောင်ရုပ်တုသို့ကျုံးပတ် လမ်း ပြန်လည်ခင်းကျင်းခြင်းလုပ်ငန်း အား Design Drawing နှင့် Estimate  များရှင်းလင်းချပြပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း။

ဆက်စပ်မေးခွန်း

ဌာနအနေဖြင့် လုပ်ငန်းဆောင်ရွက် သည့်အခါ ကြိုတင်စီစဉ်ထားသော စံချိန်စံညွှန်းညီသော ဒီဇိုင်း၊Estimate များရှိ/မရှိနှင့် တောင်ငူမြို့တွင် ရှေး ဟောင်းအမွေအနှစ်စာရင်းဝင်များကို အတိအကျသိရှိလိုပါကြောင်းနှင့်စပ်လျဉ်း သည့်မေးခွန်း။

အဖြေ

လွှတ်တော်ကိုယ်စားလှယ်ကြီး သိရှိလိုသည့် အချက်များကို တင်ဒါစစ်ဆေးရေးကော်မတီ မှ အတည်ပြုရွေးချယ်ပြီးသည့်အခါ ထပ်မံ တင်ပြရှင်းလင်းဆွေးနွေးသွားမည် ဖြစ်ပါ ကြောင်း။

ဆက်စပ်အဖြေ

စာဖြင့်ပြန်လည်ဖြေကြားပေးမည် ဖြစ်ပါ ကြောင်း။

 

ဖြေကြားသည့်ဌာန          လူမှုရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် – ဦးဝင်းမြင့်၊ ရွှေကျင်(၁)

တင်သွင်းသည့်ရက်စွဲ − ၁၃.၁.၂၀၂၀၊ ၁၄/၁-၁၇-၅

အမေး

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ဇလုပ်ကြီးကျေးရွာအုပ်စုအခြေခံပညာ အလယ်တန်းကျောင်းခွဲ ဇလုပ်ကြီး အား ၂၀၂၀စာသင်နှစ်တွင် အခြေခံ ပညာ အလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း။

ဆက်စပ်မေးခွန်း

သက်ဆိုင်ရာဝန်ကြီးအနေဖြင့် ကွင်းဆင်း လေ့လာပြီး အထူးဦးစားပေးအနေဖြင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်း ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း။

အဖြေ

၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အခြေခံ ပညာ အလယ်တန်းကျောင်းအဖြစ် အဆင့် တိုးမြှင့်ပေးရန်အတွက်ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံး၏ (၂၆.၁၁.၂၀၁၉)ရက်စွဲပါ စာဖြင့် အခြေခံပညာဦးစီးဌာနသို့ တင်ပြ ထားပြီးဖြစ်ပါကြောင်း။

ဆက်စပ်အဖြေ

သက်ဆိုင်ရာဦးစီးဌာန၏ တင်ပြချက်များ အပေါ် ပြည်ထောင်စုဝန်ကြီးဌာနများသို့ ဆက်လက်ပြီးတင်ပြထားကြောင်း၊ကျောင်း ၏တည်နေရာအလိုက်တင်ပြထားကြောင်း နှင့် သက်ဆိုင်ရာဦးစီးဌာနများသို့ ဆက် လက်တိုက်တွန်းပေးမည်ဖြစ်ပါကြောင်း။

 

ဖြေကြားသည့်ဌာန          လူမှုရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် – ဦးသက်မင်းဇော်၊ ပေါက်ခေါင်း(၁)

တင်သွင်းသည့်ရက်စွဲ − ၁၃.၁.၂၀၂၀၊ ၁၄/၁-၁၇-၆

အမေး

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်အတွင်းတည်ဆောက် ခဲ့သောပြီးစီးမှုမရှိသည့် အခြေခံပညာ ကျောင်းများအား မည်သို့ဆက်လက် ဆောင်ရွက်သွားမည်ကို သိရှိလိုပါ ကြောင်းနှင့် စပ်လျဉ်းသည့်မေးခွန်း။

အဖြေ

ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ (၁၀- ၁၀-၂၀၁၉)ရက်စွဲပါစာဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရာနှုန်းပြည့်မပြီးစီး သေးသော အခြေခံပညာကျောင်းများအား ဖြည့်စွက်ခွင့်ပြုရန်ပုံငွေဖြင့် မပြီးစီးသော ရာခိုင်နှုန်းများအလိုက် ပြန်လည်ခွဲဝေပေး ရန် တောင်းခံထားပြီးဖြစ်ပါကြောင်း။

 

ဖြေကြားသည့်ဌာန          လူမှုရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် – ဒေါ်ရီရီထိုက်၊ ဝေါ(၂)

တင်သွင်းသည့်ရက်စွဲ − ၁၃.၁.၂၀၂၀၊ ၁၄/၁-၁၇-၇

အမေး

၂၀၁၈ – ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ခွင့်ရရှိသော Plinth Levelမြှင့်ကျောင်းများအား အမြန်ဆုံး ပြီးစီးအောင် ဆောက်လုပ်နိုင်ရေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မည်သို့စီမံဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

အဖြေ

ဝေါမြို့နယ်မှ Plinth Level မြှင့်တင်၍ လက်ရှိအခြေအနေတွင် ဆောက်လုပ်မှု ရပ်တန့်လျက်ရှိသောအခြေခံပညာကျောင်း (၆)ကျောင်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ် ဖြည့်စွက်ရန်ပုံငွေတွင် တောင်းခံထား ပြီးဖြစ်ပါကြောင်း။

 

ဖြေကြားသည့်ဌာန          လူမှုရေးဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် – ဒေါ်ရီရီထိုက်၊ ဝေါ(၂)

တင်သွင်းသည့်ရက်စွဲ − ၁၃.၁.၂၀၂၀၊ ၁၄/၁-၁၇-၈

အမေး

၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်တွင်တင်ဒါ အောင် Try Best ကုမ္ပဏီမှ ဆောက် လုပ်ခွင့်ရရှိသော မူလွန်(သံခွန်)ပေ ၆၀×၃၀ ကျောင်းဆောင်အား လာ ရောက်ဆောက်လုပ်ခြင်း မရှိသည့် အတွက် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် ဆက်လက်ဆောက်လုပ်ပေးပါရန်သိရှိ လိုပါကြောင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

အဖြေ

မူလွန်-သံခွန်ကျောင်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေတွင် တောင်းခံထားပြီးဖြစ်ပါကြောင်း။