(၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ကတိကဝတ်ပြုခဲ့သည့် ကြယ်ပွင့်မပြမေးခွန်းနှင့် အဖြေများစာရင်း

ဖြေကြားသည့်ဌာန           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့/ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် – ဒေါ်ရီရီထိုက်၊ဝေါ(၂)

တင်သွင်းသည့်ရက်စွဲ − ၂၅.၁၁.၂၀၁၉၊၁၄/၃-၇-၁

အမေး

ပြည်ထောင်စုလွှတ်တော်မှ အတည် ပြုပြဋ္ဌာန်းခဲ့သောတတိယအကြိမ် ပြင်ဆင်သည့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဥပဒေအရဝေါ မြို့နယ်တွင် ရွေးချယ်ရန်ကျန်ရှိသောကျေးရွာအားအမြန်ဆုံးရွေးချယ်နိုင် ရေးကိုပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် မည်သို့စီမံဆောင်ရွက်ထားသည်ကိုသိရှိလိုပါကြောင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

အဖြေ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် မှ “ရပ်ကျေးဆယ်အိမ်မှူး၊ ရာအိမ်မှူးများ မှ ရွေးချယ်ပွဲဖြင့် အုပ်ချုပ်ရေးမှူးရွေးချယ် ရန် အဆင်မပြေပါကဥပဒေနှင့်အညီခန့်အပ်တာဝန်ပေးရန် ကိုယ်စားလှယ်များ မှ အမည်စာရင်း တင်ပြစေရေး Cabinet တင်ပြစေပါ”ဟုမှတ်ချက်ပြုခဲ့မှုအရအနီးဆုံးတိုင်းဒေသကြီးအစိုးရအဖွဲ့ Cabinet ဆွေးနွေးဆုံးဖြတ်ရန်အတွက်သက်ဆိုင်ရာမြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များထံအမည်စာရင်းကောက်ခံရန် ပြင်ဆင် ထားပါကြောင်း။

 

ဖြေကြားသည့်ဌာန           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့/ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် – ဦးလင်းလင်းကျော်၊ကျောက်တံခါး(၁)

တင်သွင်းသည့်ရက်စွဲ − ၂၅.၁၁.၂၀၁၉၊၁၄/၃-၇-၃

အမေး

ဖဒိုမြို့အုပ်ချုပ်ရေးမှူးရုံးခြံစည်းရိုးအားလာမည့် ဘတ်ဂျက်နှစ်တွင်ထည့် သွင်းလျာထားပေးရန် အစီအစဉ်ရှိ/ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း။

အဖြေ

၂၀၂၀-၂၀၂၁ခုဘဏ္ဍာရေးနှစ်ငွေလုံးငွေရင်း အသုံးစရိတ်တွင် ဘဏ္ဍာငွေခွဲဝေရရှိပါကဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း။

 

ဖြေကြားသည့်ဌာန           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့/ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် – ဒေါ်မူမူခင်၊သာယာဝတီ(၁)

တင်သွင်းသည့်ရက်စွဲ − ၂၅.၁၁.၂၀၁၉၊၁၄/၃-၇-၅

အမေး

သာယာဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသာယာဝတီမြို့နယ်နှင့် သုံးဆယ်မြို့ရှိဌာနပိုင်မြေများပေါ်တွင် ဝန်ထမ်းအိမ်ရာတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း။

အဖြေ

၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်တွင် ဘဏ္ဍာငွေခွဲဝေရရှိပါကဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါ ကြောင်း။