ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့်ဥပဒေကြမ်းကော်မတီမှ (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေးသို့တင်သွင်းသည့်အစီရင်ခံစာ (၃/၂၀၁၉)

ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့်ဥပဒေကြမ်းကော်မတီမှ

(၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေးသို့တင်သွင်းသည့်အစီရင်ခံစာ (၃/၂၀၁၉)

 

နိဒါန်း

၁။      ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့်ဥပဒေကြမ်း ကော်မတီသည် ပဲခူးတိုင်းဒေသကြီးလွှတ်တော်၏ အဓိကမဏ္ဍိုင်ဖြစ်သော ဥပဒေပြုရေးကိစ္စရပ် များ ပိုမိုအားကောင်းလာစေရန် ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၁၈၈၊ ဇယား(၂)တွင် ဖော်ပြထားသောတိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပဲခူးတိုင်းဒေသကြီးလွှတ်တော်၌ ပြဋ္ဌာန်းပြီးဖြစ်သောဥပဒေများအား လေ့လာသုံးသပ်ခြင်း၊ ခေတ်ကာလနှင့်လျော်ညီမှုမရှိတော့သည့် ဥပဒေများအားပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲပြဋ္ဌာန်းရန် လိုအပ်သောဥပဒေများအား အသစ်ပြဋ္ဌာန်းနိုင်ရေး ဆွေးနွေးသုံးသပ်ခြင်း၊ ရေးဆွဲထားသော ဥပဒေ(မူကြမ်း)များအားလွှတ်တော်သို့တင်သွင်းပြီးပါက ဥပဒေ(မူကြမ်း) ပြည်သူထံချပြခြင်းနှင့် အကြံပြုချက်များရယူခြင်း အခမ်းအနားများဆောင်ရွက်ပြီး ပြည်သူများ၏ အကြံပြုတင်ပြချက် များအား ပြန်လည်သုံးသပ်ဆွေးနွေးပြီး ဥပဒေ(မူကြမ်း)တွင် ပါဝင်နိုင်ရေးဆောင်ရွက်ခြင်း၊ ပြည်သူများမှကော်မတီသို့ ပေးပို့တိုင်ကြားလာသောတိုင်ကြားစာများအား စိစစ်သုံးသပ်၍ ကာယကံရှင်နှင့် သက်ဆိုင်ရာဌာနများသို့ အကြောင်းကြားနိုင်ရေး ကော်မတီ၏စိစစ်သုံးသပ် တွေ့ရှိချက်အစီရင်ခံစာအား လွှတ်တော်ဥက္ကဋ္ဌထံတင်ပြခြင်းနှင့် ပဲခူတိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့၏ ဘဏ္ဍာရေး နှစ်အလိုက်ရသုံးခန့်မှန်းခြေငွေစာရင်း၊ သာမန်အသုံးစရိတ်လျာထားချက်များနှင့် ငွေလုံးငွေရင်း အသုံးစရိတ်လျာထားချက်များ၊ ဖြည့်စွက်ခွင့်ပြုရန်ပုံငွေစာရင်းများတွင် ဘဏ္ဍာငွေ အလေအလွင့် မရှိစေရေးစစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

ရည်ရွယ်ချက်

၂။       ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေပြီး ပြည်သူ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မြှင့်တင်နိုင်မည့် ခိုင်မာသည့်ဥပဒေများ ပေါ်ပေါက် လာစေရန်နှင့် ပဲခူတိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးမှုရှိစေရန်။

အပြည့်အစုံဆက်လက်ဖတ်ရှုရန်……………………