ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာ(၁/၂၀၁၉)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့်

တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာ(၁/၂၀၁၉)

နိဒါန်း

၁။      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ခေတ်အဆက်ဆက်တွင် တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်လျက်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ထိုသို့ နေထိုင်ကြရာတွင် တောင်တန်း၊ မြေပြန့်၊ လူမျိုး၊ ဘာသာမခွဲခြားဘဲ တိုင်းရင်းသားညီအစ်ကိုများသည် အခွင့်အရေးများ တန်းတူညီမျှစွာရရှိရေး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးတို့သည် နိုင်ငံတော်အတွင်းမှီတင်းနေထိုင်လျက်ရှိသည့် နိုင်ငံသူ နိုင်ငံသားများအတွက် မရှိမဖြစ်လိုအပ်သော အခြေခံအချက်များဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လက်ရှိ အစိုးရလက်ထက်မှစတင်ကာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသားများ၏ အရေးကိစ္စရပ်များအား ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့အတူ ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ၏အရေးကိစ္စရပ်များကို ဆောင်ရွက်ပေးနိုင်ရန်အတွက် ပဲခူးတိုင်း ဒေသကြီးလွှတ်တော်တွင်လည်း တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီအား ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၆၇ အပိုဒ် (က)၊ (ခ)၊ (ဂ)တို့အရလည်းကောင်း၊ ၂၀၁၃ခုနှစ် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၃၊ ၂၄၊၂၅ တို့အရလည်းကောင်း၊ ၂၀၁၄ခုနှစ် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၆၂၊ နည်းဥပဒေခွဲ (က)၊ (ခ)တို့နှင့်အညီ ဖွဲ့စည်းထားရှိပါသည်။

ရည်ရွယ်ချက်

၂။       ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးအတွင်း နေထိုင်လျက်ရှိသည့် တိုင်းရင်းသားလူမျိုးများ၏ ဓလေ့ထုံးထမ်း၊ ဘာသာ စကား၊ စာပေ၊ ယဉ်ကျေးမှုအနုပညာများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးတို့ပါဝင်သော လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးတို့တွင် လိုအပ်ချက်များအား အစီရင်ခံတင်ပြရန်ဖြစ်ပါသည်။

အပြည့်အစုံဆက်လက်ဖတ်ရှုရန်…………………