ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် စည်ပင်သာယာရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့်အစီရင်ခံစာ(၂/၂၀၁၉)

ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် စည်ပင်သာယာရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ

(၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့်အစီရင်ခံစာ(၂/၂၀၁၉)

နိဒါန်း

၁။      ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် စည်ပင်သာယာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီသည် မိမိတို့ရေးရာကော်မတီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များနှင့်အညီ တိုင်းဒေသကြီးအတွင်း စည်ပင်သာယာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တစိုက်မတ်မတ် အစဉ်ကြိုးပမ်း ဆောင်ရွက်လျှက်ရှိပါသည်။ ဤအစီရင်ခံသည့်ကာလအတွင်း ရေးရာကော်မတီအနေဖြင့် မိမိတို့အား တာဝန်ပေးအပ်ထားသည့် တိုင်းဒေသကြီးအစိုးရမှ လွှတ်တော်သို့ပေးပို့လာသည့် နည်းဥပဒေ(မူကြမ်း)များကို အဓိကထား ဦးစားပေး ဆွေးနွေးခဲ့ကြပါသည်။

ရည်ရွယ်ချက်

၂။       ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် စည်ပင်သာယာရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကော်မတီသည် ပြတိုက်နှင့် စာကြည့်တိုက်ဥပဒေ(မူကြမ်း)ကို ဆွေးနွေးရန်နှင့် စည်ပင်သာယာရေး ပစ္စည်းခွန်စည်းကြပ်ကောက်ခံခြင်းဆိုင်ရာနည်းဥပဒေ(မူကြမ်း)နှင့် စားသောက်ဖွယ်ရာများဆိုင်ရာ နည်းဥပဒေ(မူကြမ်း)များ ဆွေးနွေးရန် ရည်ရွယ်ပါသည်။

အပြည့်အစုံဆက်လက်ဖတ်ရှုရန်…………………