ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာကော်မတီမှ (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေးသို့တင်သွင်းသည့်အစီရင်ခံစာ(၃/၂၀၁၉)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာကော်မတီမှ

(၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေးသို့တင်သွင်းသည့်အစီရင်ခံစာ(၃/၂၀၁၉)

နိဒါန်း

၁။      ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာ ကော်မတီသည် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မှ ပေးအပ်သောတာဝန်များကို လေးစာလိုက်နာလျက် လွှတ်တော်အစည်းအဝေးများ ကျင်းပချိန်အတွင်း လွှတ်တော် ကိုယ်စားလှယ်များ စည်းကမ်းတကျတက်ရောက်နိုင်ရေး၊ ပျက်ကွက်မှုများ၊ ခွင့်တိုင်ကြားမှုများအား မှတ်တမ်းတင်ခြင်း၊ တက်ရောက်လာကြသော ကိုယ်စားလှယ်များ၏ အခွင့်အရေးပြည့်ဝစွာခံစားနိုင်ရေး နှင့်ရေးရာကော်မတီများ၏ အစည်းအဝေးကျင်းပမှုများအား လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြအစီရင်ခံခြင်း များကို ပြုလုပ်ဆောင်ရွက်နိုင်ခဲ့ပါသည်။

ရည်ရွယ်ချက်

၂။       ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်နှင့် လွှတ်တော် ကိုယ်စားလှယ်များ တင်ပြတောင်းဆိုသော အချက်အလက်များနှင့် အခွင့်အရေးများ အပြည့်အဝ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပါသည်။

အပြည့်အစုံဆက်လက်ဖတ်ရှုရန်……………………