ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းနှင့် မြေယာကိစ္စရပ်များဆိုင်ရာကော်မတီမှ (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးသို့တင်သွင်းသည့်အစီရင်ခံစာ(၄/၂၀၁၉)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးရေး၊  မွေးမြူရေး၊  ဆည်မြောင်းနှင့်  မြေယာကိစ္စရပ်များဆိုင်ရာကော်မတီမှ

(၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးသို့တင်သွင်းသည့်အစီရင်ခံစာ(၄/၂၀၁၉)

နိဒါန်း

၁။      ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးရေး၊  မွေးမြူရေး၊  ဆည်မြောင်းနှင့်  မြေယာကိစ္စရပ်များဆိုင်ရာကော်မတီသည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်စေရေး အထူးသဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ရှင်သန်အားကောင်းစေရေး၊ သိမ်းဆည်းခံ လယ်ယာ မြေများ မူလပိုင်ရှင်များထံ လက်ဝယ်သို့ အမြန်ရရှိရေး၊ နယ်ပယ်အသီးသီးရှိ ဌာန၊ အဖွဲ့အစည်း များနှင့် ဆက်စပ်သည့် တိုင်ကြားစာများ၊ အသနားခံစာများ၊ တင်ပြချက်များအား ကြားနာစိစစ်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

ရည်ရွယ်ချက်

၂။       ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများကို တောင်သူ များလက်တွေ့လိုက်နာကျင့်သုံးနိုင်မည့် နည်းစနစ်များနှင့်အညီ စျေးကွက်ဝင်သီးနှံများ ထုတ်လုပ်ခြင်း၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်၍ မြေယာများမှန်ကန်စွာပိုင်ဆိုင်ပြီး မြေအသုံးချနေသော ပြည်သူများမြေယာခွန်နှင့်ပတ်သက်၍ သင့်လျော်သော မြေခွန်နှုန်းထားများ ပေးဆောင်ခြင်းဖြင့် နိုင်ငံတော်၏ ရသင့်ရထိုက်သော အခွန်များရရှိရန် ရည်ရွယ်ပါသည်။

အပြည့်အစုံဆက်လက်ဖတ်ရှုရန်…………………………………..