(၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ကတိကဝတ်ပြုခဲ့သည့် ကြယ်ပွင့်မပြမေးခွန်းနှင့် အဖြေစာရင်း

ဖြေကြားသည့်ဌာန           တရားလွှတ်တော် တရားသူကြီးချုပ်

မေးမြန်းသည့်လွှတ်တော်အမတ် –  ဦးကြည်ဇင်၊ ကျောက်တံခါး(၂)

တင်သွင်းသည့်ရက်စွဲ − ၁.၂.၂၀၁၉၊ ၁၁/၃-၉-၁

အမေး

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်မှ တရားရုံးဦးစီးမှူးရုံးခန်းနှင့်တရားစီရင်ရေးအခန်းများ(အသစ်) တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း၊

အဖြေ

၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင်ကျောက်တံခါးမြို့နယ် တရားရုံးအသစ် ဆောက်လုပ်ရန်အတွက် ငွေ ၃၁၀၆၆၄၉၇၄/- ကျပ် တောင်းခံရန် လျာထားပြီးဖြစ်၍ တင်ပြသွားမည်ဖြစ်ပါကြောင်း၊