(၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ကတိကဝတ်ပြုခဲ့သည့် ကြယ်ပွင့်ပြမေးခွန်းနှင့် အဖြေများစာရင်း

ဖြေကြားသည့်ဌာန           စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် –  ဦးဝင်းကို၊ မိုးညို(၂)

တင်သွင်းသည့်ရက်စွဲ − ၁၈.၂.၂၀၁၉၊ ၁၁/၁-၁-၄

အမေး

မိုးညိုမြို့နယ်၊ ဘုရားကြီးကုန်း ခအောင်းပင်ရေကာတာပေါ်တွင် ရေတံခါးတစ်ခု တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း၊

အဖြေ

ကနဦးအကြိုတိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်ရန်ပုံငွေကျပ် (၁၅.၀၀) သန်းခန့်ကို (၂၀၂၀-၂၀၂၁) ခုနှစ် တိုင်းဒေသကြီးရန်ပုံငွေ (BE) (BE) တွင် တင်ပြပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

 

ဖြေကြားသည့်ဌာန           စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် –  ဦးအောင်နိုင်ဦး၊ ညောင်လေးပင်(၁)

တင်သွင်းသည့်ရက်စွဲ − ၁၈.၂.၂၀၁၉၊ ၁၁/၁-၁-၅

အမေး

ညောင်လေးပင်မြို့နယ်၊ အင်းဝိုင်းကျေးရွာအုပ်စု၊ ရေကြည်ချောင်းကျေးရွာအနီး၊ ရေကြည်ချောင်းတံတားကြီး၏ လှည်းလမ်းကူးနေရာတွင် ရေတံခါးတစ်ခုအမြန်ဆုံးပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လဉ်းသည့်မေးခွန်း၊

အဖြေ

ရေတံခါးတည်ဆောက်ပေးရန်အတွက် ၂၀၁၉-၂၀၂၀ ခုနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေလျာထားစာရင်းတွင် ပါဝင်ခြင်းမရှိပါသဖြင့် (၂၀၂၀-၂၀၂၁) ခုနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေတွင် ဆက်လက်လျာထား တင်ပြ ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

 

ဖြေကြားသည့်ဌာန           စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် –  ဦးကျော်ဇေယျ၊ ပြည်(၂)

တင်သွင်းသည့်ရက်စွဲ − ၁၉.၂.၂၀၁၉၊ ၁၁/၁-၂-၁

အမေး

ပြည်ခရိုင်အတွင်း စိုက်ပျိုးမြေများနှင့် ရွာမြေများကို လယ်ယာမြေမဟုတ်ကြောင်း ဝန်ခံချက် (၃-ခ) လက်မှတ်များကို Back Date များဖြင့် အတုပြုလုပ်ပေးနေမှုများအား တွေ့ရှိနေရသောကြောင့် အစိုးရအဖွဲ့အနေဖြင့် မည်ကဲ့သို့ ကြပ်မတ်စစ်ဆေးအရေးယူဆောင်ရွက်ရန် စီစဉ်ထားရှိသည်ကို သိရှိလိုပါကြောင်းနှင့် စပ်လျဉ်းသည့်မေးခွန်း၊

ဆက်စပ်မေးခွန်း

သက်ဆိုင်ရာဝန်ထမ်းများကို မည်ကဲ့သို့ ကြပ်မတ်စစ်ဆေးအရေးယူဆောင်ရွက်မည်ကို သိရှိလိုကြောင်းနှင့် တိတိကျကျမြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း၊

အဖြေ

လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအနေဖြင့် သံသယဖြစ်ဖွယ် လယ်ယာမြေမဟုတ်ကြောင်း ဝန်ခံချက်လက်မှတ်များ စိစစ်တွေ့ရှိရသည့် (၁၄.၈.၂၀၁၇) ရက်စွဲပါစာအမှတ်ဖြင့် လယ်ယာမြေမဟုတ်ကြောင်း ဝန်ခံချက်လက်မှတ်ထုတ်ပေးခြင်းအား တားမြစ်ထားရှိပြီးဖြစ်ကြောင်းကို အများပြည်သူများ သိရှိအောင်ကြေညာခြင်း၊ တရားစွဲဆိုနိုင်ရန်အတွက် ဥပဒေအကြံဉာဏ်တောင်းခံခြင်းများ ပြုလုပ်လျက်ရှိပါကြောင်းနှင့် အုပ်စုဖြင့်ဖြစ်စေ (သို့) တစ်သီးပုဂ္ဂလဖြစ်စေ၊ စာရွက်စာတမ်းအတုပြုလုပ်မှုများအား စုံစမ်းစစ်ဆေးဖော်ထုတ်၍  ဥပဒေအကြံဉာဏ်ရယူကာ အရေးယူဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

ဆက်စပ်အဖြေ

၃-ခ ထုတ်ပေးမှုတွင် ဝန်ထမ်းများပါဝင်ပတ်သက်မှုအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပြီး အမှန်တကယ်ပါဝင်ပတ်သက်သည့် ပုဂ္ဂိုလ်ရှိလျှင် အဂတိတိုက်ဖျက်ရေးကော်မရှင်သို့ တင်ပြ၍ ဥပဒေအကြံဥာဏ်များ ရယူပြီး  အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

 

ဖြေကြားသည့်ဌာန           စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် –  ဦးကျော်ဇေယျ၊ ပြည်(၂)

တင်သွင်းသည့်ရက်စွဲ − ၁၉.၂.၂၀၁၉၊ ၁၁/၁-၂-၂

အမေး

 ပဲခူးတိုင်းဒေသကြီးအတွင်း တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် အသိမ်းဆည်းခံ လယ်ယာမြေနှင့် အခြားမြေများ ပြန်လည်စိစစ်ရေးကော်မတီများ၏ လုပ်ဆောင်ထားပြီးသော အခြေအနေ များကို ပြည်သူအများသိရှိနိုင်ရန် အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ က တာဝန်ယူ၍ အစီရင်ခံစာထုတ် ပြန်ပေးသွားရန် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း၊

အဖြေ

တိုင်းဒေသကြီး ကော်မတီအနေဖြင့် သိမ်းဆည်းမြေကိစ္စရပ်များနှင့် စပ်လျဉ်း ပြီး ဖြေရှင်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ပဲခူးတိုင်းဒေသကြီး Website တွင် ဖော်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 

ဖြေကြားသည့်ဌာန           စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် –  ဦးသက်စိန်၊ ဖြူး(၁)

တင်သွင်းသည့်ရက်စွဲ − ၁၉.၂.၂၀၁၉၊ ၁၁/၁-၂-၃

အမေး

ဖြူးမြို့နယ်အတွင်းရှိ ဘာဘူလေး တမံ၏ ကျိုးပေါက်ပျက်စီးနေသော နေရာများကို အချိန်မီပြန်လည်ပြုပြင် ပေးလိုခြင်း အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း၊

ဆက်စပ်မေးခွန်း

၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် ဒုတိယ ဦးစားပေးဆောင်ရွက်မည့် ဘာဘူ လေးတမံအား အခြားနည်းလမ်းဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း၊

အဖြေ

တာတမံကျိုးပေါက်ခြင်းများအပြင် ရေ ကျော်ခဲ့သောအပိုင်းများ ပြန်လည်ပြုပြင် ရန်နှင့် ရေထုတ်ပေါက်များ တည်ဆောက် ပေးနိုင်ရန်အတွက် (၂၀၁၉-၂၀၂၀)ဘဏ္ဍာ ရေးနှစ်တွင် ငွေလုံးငွေရင်းဖြင့်ဆောင်ရွက် မည့်စီမံကိန်းလုပ်ငန်းများ(ဒုတိယဦးစား ပေး)တွင် ရန်ပုံငွေထည့်သွင်းတင်ပြ တောင်းခံထားပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

ဆက်စပ်အဖြေ

ကွင်းဆင်းစစ်ဆေးပြီးတိုင်းဒေသကြီးအစိုးရ အဖွဲ့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ရန်ပုံငွေမှ ထောက်ပံ့ပေးရန် တင်ပြပြီး ထောက်ပံ့ပေးနိုင်ပါကဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

 

ဖြေကြားသည့်ဌာန           စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် –  ဒေါ်ဇင်မိုးထိုက်၊ ပန်းတောင်း(၁)

တင်သွင်းသည့်ရက်စွဲ − ၁၉.၂.၂၀၁၉၊ ၁၁/၁-၆-၆

အမေး

ပန်းတောင်းမြို့နယ်၊ ရွာသာယာ အုပ်စု၊ ဖန်ခါးပင်ရွာရှိ သင်္ခန်းစမ်း သဘာဝစမ်းရေထွက်သည့်နေရာအား ရေကန်တည်ဆောက်ခြင်း၊ ရေလွှဲ တာတမံ တည်ဆောက်ခြင်းတို့အား အမြန်ဆုံး ပြုလုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း၊

အဖြေ

ရေထွက်အနီးတွင် ဂါလံ(၅၀၀၀)ဆံ့ အုတ် ရေကန်(၁)လုံး ပြုလုပ်ပေးမည်ဆိုပါက သင့်လျော်မည်ဖြစ်ပါကြောင်းနှင့် ခန့်မှန်း ကုန်ကျငွေကျပ်(၅.၀)သန်းအား ၂၀၂၀- ၂၀၂၁ ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေတွင် တင်ပြသွားမည်ဖြစ်ပါကြောင်း၊ ပြန်လည်ဖြေကြားခဲ့ပါသည်။

 

ဖြေကြားသည့်ဌာန           စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် –  ဦးသန်းထိုက်အောင်၊ ဒိုက်ဦး(၁)

တင်သွင်းသည့်ရက်စွဲ − ၂၅.၂.၂၀၁၉၊ ၁၁/၁-၆-၈

အမေး

ဒိုက်ဦးမြို့နယ်အတွင်းရှိ သက္ကာ ချောင်း(၄)မိုင်ကျော်ခန့် တိမ်ကောနေ ၍ ရေကြီးရေလျှံမှုများဖြစ်ပေါပြီး ဒေသခံပြည်သူများဆိုးကျိုးများခံစား နေရသဖြင့် တူးဖော်ပေးရန်အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါကြောင်းနှင့်စပ်လျဉ်း သည့်မေးခွန်း

အဖြေ

၂၀၁၉-၂၀၂၀ခုနှစ် တိုင်းဒေသကြီးအစိုးရ အဖွဲ့ ရန်ပုံငွေလျာထားစာရင်းတွင် ပါဝင်ခြင်းမရှိပါသဖြင့် ၂၀၂၀ – ၂၀၂၁ခုနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတွင် ဆက်လက်တင်ပြတောင်းခံသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

 

ဖြေကြားသည့်ဌာန           စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် –  ဦးမျိုးအောင်၊ လက်ပံတန်း(၂)

တင်သွင်းသည့်ရက်စွဲ − ၂၆.၂.၂၀၁၉၊ ၁၁/၁-၇-၇

အမေး

လက်ပံတန်းမြို့နယ်အတွင်းရှိ ပျဉ်တောင်ကွင်းကျေးရွာအုပ်စု၊နဘမ်းလုံး ချောင်းတွင် ရေတံခါးတစ်ခုတည် ဆောက်ပေးရန်နှင့် ညောင်ဝိုင်းအုပ်စု၊ ဦးတုတ်ကြီးရိုးတွင် ရေတံခါးတစ်ခု အား ၂၀၁၉-၂၀၂၀  ဘဏ္ဍာနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း၊

အဖြေ

၂၀၁၉-၂၀၂၀ခုနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေ(RE)စာရင်းတွင် ထည့်သွင်းတင်ပြတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေ မရရှိပါက (၂၀၂၀-၂၀၂၁) တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေတွင် ဆက်လက် တင်ပြတောင်းခံသွားမည်ဖြစ်ပါ​ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

 

ဖြေကြားသည့်ဌာန           စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် –  ဒေါ်ရီရီထိုက်၊ ဝေါ(၂)

တင်သွင်းသည့်ရက်စွဲ − ၂၈.၂.၂၀၁၉၊ ၁၁/၁-၉-၃

အမေး

ဝေါမြို့နယ်၊ စိုင်တီကျေးရွာ မိုးယွန်းကြီး ရေထိန်းတံခါး တည်ဆောက်ရာတွင် ပါဝင်သွားသော လယ်ယာမြေများ အား နစ်နာကြေးပေးဆောင်နိုင်ရေး ကူညီပေးပါရန်တင်ပြခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း၊

ဆက်စပ်မေးခွန်း

မြို့နယ်မြေစစ်မှလည်း နစ်နာသူ လယ်သမားများအား နစ်နာကြေးပေး သင့်သည်ဟု မှတ်ချက်ပြုထားသဖြင့် ဗဟိုအဆင့်ဆင့်သို့ ဆက်လက်တင်ပြပေးရန် ရှိ၊ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊

အဖြေ

ဦးစိုးညွန့်ပါ လယ်သမား(၂၆)ဦးမှ ပိုင်ဆိုင် သော လယ်မြေများမှန်ကန်ခြင်းရှိ၊ မရှိကို ပြည်ထောင်စုဝန်ကြီးရုံးမှ (၂၀၁၂)ခုနှစ် ရှေ့ပိုင်းကိစ္စရပ်များအတွက် နစ်နာကြေး ပေးချေနိုင်ရန် သီးခြားမူဝါဒတစ်ခု ချမှတ် နိုင်မှ ဖြစ်ပါမည်ဟု မှတ်ချက်ပြုထား သဖြင့် လက်ရှိအခြေအနေတွင်သိမ်းဆည်း မြေများအတွက် လျော်ကြေးပေးချေနိုင်ခြင်းမရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

ဆက်စပ်အဖြေ

ပြည်ထောင်စုဆည်မြောင်းနှင့်စိုက်ပျိုးရေး  ဝန်ကြီးဌာနသို့ ဆက်လက်တင်ပြပေးမည် ဖြစ်ပါကြောင်း၊

 

ဖြေကြားသည့်ဌာန           စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် –  ဦးညီညီထွေး၊ ညောင်လေးပင်(၂)

တင်သွင်းသည့်ရက်စွဲ − ၂၈.၂.၂၀၁၉၊ ၁၁/၁-၉-၆

အမေး

စစ်တောင်းမြစ်ရေကြီးမှုကြောင့် ကျိုး ပေါက်သွားသော စစ်တောင်းမြစ် ရေကာတာနှင့် မုက္ခမူကမ်းပတ်တာများအား ယခုလာမည့် မိုးရာသီ မတိုင်မီအမြန်ဆုံးပြန်လည်ဆောင်ရွက် ပေးနိုင်ခြင်း အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း၊

အဖြေ

၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း ပြင်ပလုပ်ငန်း ရှင်များထံ Quotation ခေါ်ယူ၍ ယခုနှစ် မိုးရာသီမတိုင်မီ ပြီးစီးအောင် အမြန်ဆုံး ပြုပြင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

 

ဖြေကြားသည့်ဌာန           စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

မေးမြန်းသည့်လွှတ်တော်အမတ် –  ဦးညီညီထွေး၊ ညောင်လေးပင်(၂)

တင်သွင်းသည့်ရက်စွဲ − ၂၈.၂.၂၀၁၉၊ ၁၁/၁-၉-၇

အမေး

ညောင်လေးပင်မြို့နယ် မုက္ခမူကမ်း ပတ်တာနှင့်ပတ်သက်သော မြေယာ လျော်ကြေးအား အနီးကပ်ဆုံး ဘတ်ဂျက်၌ ထည့်သွင်းပေးနိုင်ခြင်း အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊

အဖြေ

၂၀၁၉-၂၀၂၀ခုနှစ် တိုင်းဒေသကြီးအစိုးရ အဖွဲ့ ရန်ပုံငွေ၏ (BE) ပထမဦးစားပေး လုပ်ငန်းများစာရင်းတွင် ထည့်သွင်းတောင်းခံထားပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။