လျော်ကြေးပေးအပ်ပွဲသို့တက်ရောက်

မြေယာနှင့်သီးနှံလျော်ကြေးပေးအပ်ခြင်းအခမ်းအနားကို ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံအစည်းအဝေ ေခန်းမ၌ သြဂုတ်လ ၁၈ ရက်နေ့ နံနက် ၈ နာရီ ခွဲတွင် ကျင်းပခဲ့သည်။

စစ်တောင်းမြစ်ကူးတံတား (ရေတာရှည်) ချဉ်းကပ်လမ်း ဖောက်လုပ်ရာတွင် ပါဝင်သော ရေတာရှည်နှင့် တောင်ငူဘက်ခြမ်းမှ လယ်ယာမြေများအတွက် မြေယာနှင့်သီးနှံလျော်ကြေးများပေးအပ်ခဲ့ခြင်းဖြစ်သည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့်အတူတောင်ငူမြို့နယ်မဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးအေးမင်းဝင်း တက်ရောက်ခဲ့ပြီး
တံတားချဉ်းကပ်လမ်းနှင့်မလွတ်ကင်းသည့် လယ်မြေယာလုပ်ကိုင်နေသောတောင်သူများထံ မြေယာနှင့်သီးနှံလျော်ကြေးများပေးပေးအပ်ခဲ့သည်။