ကွင်းဆင်းကြည့်ရှု

ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက်သည် မင်းထည်ဝါကုမ္ပဏီမှ တာဝန်ယူဆောက်ရွက်နေသော ပန်းတောင်းမြို့နယ် နဝဒေးချဉ်းကပ်လမ်းမှ မြောင်ရှည် -ဒန့်ဒလွန်-ကြာအင်း-ပေရွာကြီး-အုတ်ဖိုလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း (၁၀၀%) ပြီးစီးမှုရှိမရှိကို သြဂုတ်လ ၆ရက် ညနေ ၄ နာရီတွင် ကွင်းဆင်းကြည့်ရှုခဲ့သည်။

ကွင်းဆင်းကြည့်ရှုရာတွင် လွှတ်တော်ကိုယ်စားလှယ်သည် မြို့နယ်တည်ဆောက်ရေးကော်မတီအဖွဲ့နှင့်အတူ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။