အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များကော်မတီ တတိယနေ့ လုပ်ငန်းညှိနှိုင်းအစည်းဝေးကျင်းပ

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ ကော်မတီသည် လုပ်ငန်းညှိနှိုင်းအစည်းဝေးအမှတ်စဉ် (၇/ ၂၀၁၉) တတိယနေ့ကိုဇူလိုင်လ ၂၇ရက်နေ့ ၁၀ နာရီတွင်ရေးရာကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ၊ ကော်မတီအဖွဲ့ဝင်များနှင့် အကြံပေးအဖွဲ့ဝင်များ စုစုပေါင်း(၇)ဦးတက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ဆည်မြောင်းဝန်ကြီးဌာန၏ဒုတိယပုံမှန်အစည်းအဝေးမှ (၁၂)ကြိမ် မြောက်ပုံမှန်အစည်းအဝေးအထိ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာန၏ ကတိကဝတ်လက်ကျန်များအားစိစစ်ခြင်းများဆောင်ရွက်ခဲ့ပြီး အစည်းအဝေးကို မွန်းတည့်
၁၂ နာရီတွင် ရပ်နားခဲ့သည်။