သယံဇာတ၊ သစ်တောနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ကြားနာခြင်းအ ခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး လွှတ်တော်၊ သယံဇာတ၊ သစ်တောနှင့်သဘာဝတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီသည် ဇူလိုင် ၂၉ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး လွှတ်တော် ရေးရာကော်မတီ အစည်းအဝေးခန်းမတွင် ကြားနာပွဲ
ကျင်းပပြုလုပ်ခဲ့သည်။

ပဲခူးမြို့နယ်၊ ကွေ့တန်းရှည် ကျေးရွာ အုပ်စုမှဒေါ်ထွေးမာလွင်မှမြစ်ချောင်းတစ်လျှောက်တွင်သဲထုတ်ယူခြင်း၊ စုပုံထားခြင်းများ၊ မြစ်ချောင်း
ကမ်းပါးများပြိုကြပျက်စီးခြင်း၊မြစ်ချောင်းနံဘေးရှိ လယ်ယာမြေများထိခိုက်နစ်နာမှုများဖြစ်ပေါ်နေမှုကြောင့်သဲစုပ်လုပ်ငန်းလုပ်ကိုင်နေသူကွေ့
တန်းရှည်ကျေးရွာအုပ်စုရှိဦးသက်နိုင်ဆိုသူအားတိုင်ကြားလာမှုကြောင့် ကြားနာပွဲကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါကြားနာပွဲသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သက်ဆိုင်ရာနယ်မြေကိုယ်စားလှယ် ပဲခူးမဲဆန္ဒနယ် အမှတ် ၁ ဦးညွှန့်ရွှေ၊ တိုင်ကြား
သူများနှင့် တိုင်ကြားခံရသူတို့ တက်ရောက်ခဲ့ကြသည်။