လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းနှင့် မြေယာကိစ္စရပ်များဆိုင်ရာကော်မတီသည် ဇူလိုင် ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ ရေးရာကော်မတီအစည်းအဝေးခန်းမတွင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ကော်မတီသို့ ရောက်ရှိလာသော တိုင်ကြားစာများကိစ္စနှင့် ဟံသာဝတီဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်မှ သိမ်းယူထားသော မြေယာကိစ္စနှင့်ပတ်သက်၍ တိုင်ကြားသူများနှင့်သက်ဆိုင်ရာတာဝန်ရှိသူများအားခေါ်ယူတွေ့ဆုံရန်ကိစ္စ တို့အားဆွေးနွေးခဲ့ကြကြောင်း သိရသည်။