ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်(၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် စည်ပင်သာယာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၁/၂၀၁၉)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်(၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် စည်ပင်သာယာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၁/၂၀၁၉)

နိဒါန်း

၁။          ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ စည်ပင်သာယာရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကော်မတီသည် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေးနှင့် ယခုကျင်းပလျက်ရှိသည့် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးကြားကာလတွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီး၏ စည်ပင်သာယာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အချိန်နှင့် တစ်ပြေးညီ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ရည်ရွယ်ချက်

၂။          စည်ပင်သာယာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီသည် စည်ပင်သာယာရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ ၂၀၁၆ခုနှစ် စည်ပင်သာယာရေးဥပဒေအရ ပေါ်ထွက်လာသည့် ကော်မတီဝင်များ၏ လုပ်ငန်းစွမ်းဆောင်ရည်များ ပိုမိုတိုးတက်အားကောင်းလာစေရန်၊ စိစစ်ခွင့်ပြုရသည့် စည်ပင်သာယာရေးဆိုင်ရာလုပ်ငန်းများအတွက် ခွင့်ပြုငွေများအား လေလွင့်မှုမရှိစေဘဲ ဒေသအကျိုးအတွက် စနစ်တကျ အသုံးပြုနိုင်ရန်။ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်၊ စည်ပင်ကော်မတီနှင့် စည်ပင်ဌာနဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်မှု ပိုမိုကောင်းမွန်စေရေးအတွက် ပံ့ပိုးကူညီရန်၊ ၂၀၁၆ခုနှစ် စည်ပင်သာယာရေးဥပဒေ၏ အားနည်းချက်၊ အားသာချက်များကို လေ့လာစိစစ်ရန်  ရည်ရွယ်ပါသည်။

အပြည့်အစုံဆက်လက်ဖတ်ရှုရန်……………………