ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်(၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၁/၂၀၁၉)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၁/၂၀၁၉)

နိဒါန်း

၁။          ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကော်မတီသည် ပဲခူးတိုင်းဒေသကြီးလျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ နှစ်အလိုက်အသုံးပြုသော ငွေလုံးငွေရင်းအသုံးစရိတ်နှင့် ပ​ြုလုပ်သောလျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေါ်လုပ်ငန်းများ၊ ကိုယ်ထူကိုယ်ထ လျှပ်စစ်ဓါတ်အားရယူသုံးစွဲမှုလုပ်ငန်းများ၊ NEP စီမံကိန်းနှင့် ပတ်သက်သောလုပ်ငန်းစဉ်များကို စောင့်ကြည့်ထိန်းကျောင်းခြင်း၊ လမ်းပန်းဆက်သွယ်ရေးတိုးတက်ကောင်းမွန်စေရန် လတ်တလောအကောင်အထည်ဖော်ရန် မသင့်သေးသောလမ်းများကို အတက်နိုင်ဆုံးစိစစ်ရန်၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖ​ြိုးတိုးတက်ရေးကိုလည်း အထူးအလေးထားဆောင်ရွက်ရန်နှင့် လုပ်ငန်းစဉ်များအောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အတတ်နိုင်ဆုံး ကူညီပ့ံပိုးနိုင်ရန်၊ အရေးကြီးသောတာဝန်ဝတ္တရားများကို ဆောင်ရွက်ရန်အတွက် ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးသို့ အစီရင်ခံတင်ပြအပ်ပါသည်။

ရည်ရွယ်ချက်

၂။          ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကော်မတီသို့ ရောက်ရှိလာသည့် မီးလင်းရေးကော်မတီများနှင့် မီးသုံးစွဲသူပြည်သူများအကြား ဖြစ်ပေါ်နေသော ပြဿနာများနှင့် ပတ်သက်ပြီး အကောင်းဆုံးနည်းဖြင့် ညှိနိှုင်းဖြေရှင်းပေးနိုင်ပါရန်၊ NEP စီမံကိန်းနှင့် ပတ်သက်၍ လုပ်ငန်းစဉ်ကို ပြည်သူများသိရှိနိုင်ပါရန်နှင့် ပူးပေါင်းဆောင်ရွက်တက်သော အလေ့အထများရရှိစေရန်၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လမ်းများကောင်းမွန်ပြီးပြည်သူများ အန္တရာယ်ကင်းစွာသွားလာနိုင်ရန် အထူးတလည်အလေးထားဆောင်ရွက်ရန်၊ အိုးအိမ်များဖွံ့ဖြိုးတိုးတက်ပြီး ဆက်သွယ်ရေးလိုင်းများ တိုးတက်ကောင်းမွန်စေရန်နှင့် မြစ်ချောင်းများ ရေစီးရေလာကောင်းမွန်ပြီး ကမ်းပါပြိုမှုများလျော့ကျစေရေး အလေးထားဆောင်ရွက်ရန် ရည်ရွယ်ပါသည်။

အပြည်အစုံဆက်လက်ဖတ်ရှုရန်……………………..