ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်​း အခမ်​းအနားသို့တက်​​ရောက်​

ပဲခူးတိုင်​း​ဒေသကြီး အစိုးရအဖွဲ့မှ ဦး​ဆောင်​ပြုလုပ်​​သောဝါဆိုသင်္ကန်​းဆက်​ကပ်​လှူဒါန်​းပွဲ အခမ်​းအနားကို ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်​ခဲ့သည်​။

အခမ်​းအနားကို တိုင်​း​ဒေသကြီးဝန်​ကြီးချုပ်​၊ လွှတ်တော်ဥက္ကဋ္ဌဦး​ခင်​​မောင်​ရင်​၊ အစိုးရအဖွဲ့ဝင်​ဝန်​ကြီးများ၊ ပဲခူး၂မဲဆန္ဒနယ်​တိုင်​း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​ဦး​ကျော်​မင်​းစံ၊ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့် ဌာနဆိုင်ရာများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူ ဒါန်းကြပြီး မြို့မစာသင်တိုက်ပဓာနနာယက၊ နိုင်ငံတော်သြဝါဒစရိယအဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တဂန္ဓမာ ဆရာတော်ထံမှအနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချ အမျှအတမ်းပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်​းကာ ရတနာရွှေမိုး ငွေမိုးရွာသွန်းပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။