ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပပဟန်သည် ဇွန်လ ၂၄ ရက်နေ့တွင်ပန်းတောင်းမြို့နယ်တွင်း June Four ကုမ္ပဏီမှတာဝန်ယူဆောင်ရွက်သောစမ်းပေါက်ချောင်းကွက်သစ် လက်နှိပ်တုံကင်တွင်း (၄)တွင်း/ တောင်မောက် ကျောက်ပုံကြောရွာချောင်းရေသွယ်တန်းခြင်း/ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဌာနမှ ဆောင်ရွက်သောကျွန်းမီးရွာစိမ့်စမ်းရေသွယ်တန်းခြင်းတို့အား
ကွင်းဆင်းကြည့်ရှုခဲ့သည်။

ကွင်းဆင်းကြည့်ရှုရာတွင် လွှတ်တော်ကိုယ်စားလှယ်နှင့် အတူ ဌာနအင်ဂျင်နီယာ၊ ကုမ္ပဏီတာဝန်ခံအင်ဂျင်နီယာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ/ NLD ပါတီဝင်များ/ ဒေသခံပြည်သူများနှင့်အတူတွေ့ဆုံဆွေးနွေးပြီးကွင်းဆင်းခဲ့ကြောင်း သိရသည်။