မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းဟောပြောပွဲသို့တက်ရောက်

အုတ်ဖိုမြို့ နယ် မဲဆန္ဒနယ် အမှတ်၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောသူရအောင်သည် ဇွန်လ၂၄ ရက်နေ့တွင် အုတ်ဖိုမြို့နယ် မိုးညိုတန်းရပ်ကွက်ရှိ အ.လ.က ချမ်းမြသာမြကျောင်း၌ကျင်းပပြုလုပ်သည့်ပြည်သူ့စကားဝိုင်းနှင့် လူငယ်နှင့် မူးယစ်ဆေးဝါး အန္တရာယ် အကြောင်း ဟောပြောပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်း၊ မြို့ နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်နှင့်တပ်ဖွဲ့ဝင်များ၊ မြိုနယ် ပြန်/ ဆက် ဦးစီးမှူး ဒေါ်ညွန့်ညွန့်စိန်နှင့် ဝန်ထမ်းများ၊ ဒုတိယ မြို့ နယ်ပညာရေးမှူး ဦးစောကျော်လှနှင့ကျောင်းဆရာ၊ဆရာမများ၊ကျောင်းသားကျောင်းသူများနှင့်မိဘပြည်သူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ စုစုပေါင်းအင်အား (၁၇၀)ဦးခန့်တက်ရောက်ခဲ့ရာမြို့ နယ် ပြန်/ဆက် ဦးစီးဌာနမှ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဦးဇော်မင်းမှအမှာစကားပြောကြားခြင်း၊မြို့ နယ်ရဲတပ်ဖွဲ့မှူးရဲမှူဝင်းနိုင်မှမူးယစ်ဆေးဝါးသုံးစွဲခြင်း၏ဆိုးကျိုးများအားရှင်းလင်းဟောပြောခြင်း၊ မိဘပြည်သူနှင့် ကျောင်းသားများမှ သိလိုသည်များကိုမေးမြန်းခြင်းနှင့်ပြန်လည်ဖြေကြားရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့သည်။