စက်မှုလယ်ယာစနစ်ကျ လယ်မြေဖော်ထုတ်

ပြည်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်သည် ဇွန်လ ၂၅ရက်နေ့တွင် ပြည်မြို့နယ်၊ထမကောက်အုပ်စု၊ တီတွတ်ကျေးရွာ၌ ကျင်းပပြုလုပ်သောစက်မှုလယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ပြီး ၁၀၆ ဧကအား တောင်သူများသို့လွှဲပြောင်းပေးအပ်ခြင်းနှင့် စုပေါင်းထွန်ယက်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း
ဝန်ကြီးဌာနဝန်ကြီး ဦးအောင်ဇော်နိုင်က အမှာစကားပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်
စားလှယ် ဒေါက်တာခင်စိုးစိုးကြည်က စက်မှုလယ်ယာစနစ်ကျ လယ်မြေ ဖော်ထုတ်ဆောင်
ရွက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ဝန်ကြီးမှ စက်မှုလယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ပြီး ၁၀၆ဧကအတွက်တောင်သူ ၁၈ ဦးအား လွှဲပြောင်း ပေးအပ်ခဲ့ရာတောင်သူ ၁၈ ဦးကိုယ်စား တောင်သူတစ်ဦးမှလက်ခံရယူပြီး တောင်သူကိုယ်စားလှယ် တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

စက်မှုလယ်ယာ စနစ်ကျ လယ်မြေ ၁၀၆ ဧကဖော်ထုတ်ခြင်းလုပ်ငန်းကို သော်ကကမ္ဘာ(ပြည်)
ကုမ္ပဏီက ကွင်းအမှတ် ၁၆၆ တွင် တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း စီမံကိန်းဧရိယာ
၁၁၁ ဧက တွင် ဖော်ထုတ်ပြီးဧကမှာ ၁၀၆ ဧကဖြစ်ကြောင်း၊ ဆည်ရေသောက်စနစ်မှာ မြှောက်နဝင်းဆည်ရေသောက်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာဝန်ကြီးဦးအောင်ဇော်နိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်စိုးစိုးကြည်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်၊ ပြည်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့်ရှိစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်ဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ သော်ကကမ္ဘာကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တောင်သူများ တက်ရောက်ခဲ့ကြသည်။