ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကော်မတီမှတင်သွင်းသည့် အစီရင်ခံစာ(၂/၂၀၁၉)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး
တွင်စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကော်မတီမှတင်သွင်းသည့် အစီရင်ခံစာ(၂/၂၀၁၉)

နိဒါန်း

၁။          ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်း ဆက်သွယ်ရေး ဆိုင်ရာကော်မတီသည် ပဲခူးတိုင်းဒေသကြီး လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ နှစ်အလိုက် အသုံးပြုသော ငွေလုံးငွေရင်းအသုံးစရိတ်နှင့် ပြုလုပ်သော လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းများ၊ ကိုယ်ထူကိုယ်ထ လျှပ်စစ်ဓါတ်အားရယူသုံးစွဲမှုလုပ်ငန်းများ၊ NEP စီမံကိန်းနှင့်ပတ်သက်သော လုပ်ငန်းစဉ်များကို စောင့်ကြည့်ထိန်းကျောင်းခြင်း၊ လမ်းပန်းဆက်သွယ်ရေး တိုးတတ်ကောင်းမွန်စေရန် လတ်တလောအကောင်အထည် ဖော်ရန်မသင့်သေးသောလမ်းများကို အတတ်နိုင်ဆုံးစိစစ်ရန်၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတတ်ရေးကိုလည်း အထူးအလေးထားဆောင်ရွက်နှင့် လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အတတ်နိုင်ဆုံးကူညီပံ့ပိုးနိုင်ရန်၊ အရေးကြီးသောတာဝန်ဝတ္တရားများကို ဆောင်ရွက်ရန်အတွက် ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်အဝေးသို့ အစီရင်ခံတင်ပြအပ်ပါသည်။

ရည်ရွယ်ချက်

၂။          ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး  ဆိုင်ရာကော်မတီသို့ ရောက်ရှိလာသည့် မီးလင်းရေးကော်မတီများနှင့် မီးသုံးစွဲသူ ပြည်သူများ အကြားဖြစ်ပေါ်နေသော ပြဿနာများနှင့်ပတ်သက်ပြီး အကောင်းဆုံးနည်းဖြင့် ညှိနှိုင်းဖြေရှင်းပေး နိုင်ရန်၊ NEP စီမံကိန်းနှင့်ပတ်သက်၍ လုပ်ငန်းစဉ်များကို ပြည်သူများသိရှိနိုင်ပါရန်နှင့် ပူးပေါင်း ဆောင်ရွက်တတ်သော အလေ့အထများရရှိစေရန်၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လမ်းများကောင်းမွန်ပြီး ပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရန်၊ အိုးအိမ်များဖွံ့ဖြိုးတိုးတက်ပြီး ဆက်သွယ်ရေး လိုင်းများ တိုးတက်ကောင်းမွန်စေရန်နှင့် မြစ်ချောင်းများ ရေစီးရေလာကောင်းမွန်ပြီး ကမ်းပါး ပြိုကျမှုများ လျော့ကျစေရေး အလေးထားဆောင်ရွက်ရန် ရည်ရွယ်ပါသည်။

အပြည့်အစုံဆက်လက်ဖတ်ရှုရန်…………..