ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင်တရားဥပဒေစိုးမိုးရေးနှင့်ဥပဒေကြမ်းကော်မတီမှတင်သွင်းသည့် အစီရင်ခံစာ(၂/၂၀၁၉)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး
တွင်တရားဥပဒေစိုးမိုးရေးနှင့်ဥပဒေကြမ်းကော်မတီမှတင်သွင်းသည့် အစီရင်ခံစာ(၂/၂၀၁၉)

နိဒါန်း

၁။          ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့်ဥပဒေကြမ်းကော်မတီသည် ပဲခူးတိုင်းဒေသကြီးလွှတ်တော်၏ အဓိကမဏ္ဍိုင်ဖြစ်သော ဥပဒေပြုရေးကိစ္စရပ်များ ပိုမိုအားကောင်းလာစေရန် ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၁၈၈ ဇယား(၂)တွင် ဖော်ပြထားသော တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့်စပ်လျဥ်း၍ ပဲခူးတိုင်းဒေသကြီးလွှတ်တော်၌ ပြဋ္ဌာန်းပြီးဖြစ်သော ဥပဒေများအား လေ့လာသုံးသပ်ခြင်း၊ ခေတ်ကာလနှင့်လျော်ညီမှုမရှိတော့သည့် ဥပဒေများအား ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲပြဋ္ဌာန်းရန် လိုအပ်သောဥပဒေများအား အသစ်ပြဋ္ဌာန်းနိုင်ရေး ဆွေးနွေးသုံးသပ်ခြင်း၊ ပြည်သူများ၏ တိုင်ကြားစာများ စိစစ်သုံးသပ်၍ ကာယကံရှင်နှင့် သက်ဆိုင်ရာဌာနများသို့အကြောင်းကြားနိုင်ရေး ကော်မတီ၏ စိစစ်သုံးသပ်တွေ့ရှိချက်အစီရင်ခံစာအား လွှတ်တော်ဥက္ကဋ္ဌထံတင်ပြခြင်းနှင့် ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့၏ ဘဏ္ဍာနှစ်အလိုက် ရသုံးခန့်မှန်းခြေငွေစာရင်း၊ သာမန်အသုံးစရိတ်လျာထားချက်များနှင့် ငွေလုံးငွေရင်းအသုံးစရိတ်လျာထားချက်များ၊ ဖြည့်စွက်ခွင့်ပြုရန်ပုံငွေစာရင်းများတွင် ဘဏ္ဍာငွေအလေအလွင့်မရှိစေရေး စစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

ရည်ရွယ်ချက်

၂။          ပဲခူးတိုင်းဒေသကြီးအတွက် အမှတ်တကယ်လိုအပ်ပြီး ပြည်သူများ၏လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေ၍ ပြည်သူ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မြှင့်တင်နိုင်မည့် ခိုင်မာသည့်ဥပဒေများ ပေါ်ပေါက်လာစေရန်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးမှုရှိစေရန်။

အပြည့်အစုံဆက်လက်ဖတ်ရှုရန်………………..