ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒသမပုံမှန်အစည်းအဝေးတွင် တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေကြမ်းကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၂/၂၀၁၈)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒသမပုံမှန်အစည်းအဝေးတွင်
တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေကြမ်းကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၂/၂၀၁၈)

နိဒါန်း

၁။          ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒသမပုံမှန်အစည်းအဝေးတွင်တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေကြမ်းကော်မတီသည် ပဲခူးတိုင်းဒေသကြီးလွှတ်တော်၏ အဓိကမဏ္ဍိုင်ဖြစ်သော ဥပဒေပြုရေးမဏ္ဍိုင်အား ပိုမိုအားကောင်းလာစေရန် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ−၁၈၈ ဇယား(၂)တွင် ဖော်ပြထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့် စပ်လျဥ်း၍ ပဲခူးတိုင်းဒေသကြီးလွှတ်တော်၌ ပြဋ္ဌာန်းပြီးဖြစ်သော ဥပဒေများအား လေ့လာသုံးသပ်ခြင်း၊ ခေတ်ကာလနှင့် လျော်ညီမှုမရှိတော့သည့် ဥပဒေများအား ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲပြဋ္ဌာန်းရန်လိုအပ်သော ဥပဒေများအား အသစ်ပြဋ္ဌာန်းနိုင်ရေးနှင့် ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့၏ ဘဏ္ဍာနှစ်အလိုက် ရသုံးမှန်းခြေငွေစာရင်း သာမန်အသုံးစရိတ်လျာထားချက်များနှင့် ငွေလုံးငွေရင်းအသုံးစရိတ်လျာထားချက်များတွင် ဘဏ္ဍာငွေလေလွင့်ဆုံးရှုံးမရှိစေရေး စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်လျှက်ရှိပါသည်။

ရည်ရွယ်ချက်

၂။          ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အမှန်တကယ်အကျိုးဖြစ်ထွန်းစေပြီး ပြည်သူ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်မည့် ခိုင်မာသည့်ဥပဒေများ ပေါ်ပေါက်လာစေရန်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးမှုရှိစေရန်။

အပြည့်အစုံဆက်လက်ဖတ်ရှုရန်…………