ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒသမပုံမှန်အစည်းအဝေးတွင် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၁/၂၀၁၈)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒသမပုံမှန်အစည်းအဝေးတွင်
တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၁/၂၀၁၈)

နိဒါန်း

၁။          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ခေတ်အဆက်ဆက်တွင် တိုင်းရင်းသားပေါင်းစုံမှီတင်းစုဝေး နေထိုင်လျက်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ထိုသို့ နေထိုင်ကြရာတွင် တောင်တန်း၊ ပြည်မ၊ လူမျိုး၊ ဘာသာ မခွဲခြားဘဲ တိုင်းရင်းသားများသည် အခွင့်အရေးများတန်းတူရရှိစေရေး၊ ငြိမ်းချမ်းစွာအတူ ယှဥ်တွဲနေထိုင်နိုင်ရေးတို့သည် နိုင်ငံတော်အတွင်းမှီတင်းနေထိုင်လျက်ရှိကြသော နိုင်ငံသူ၊ နိုင်ငံသားတိုင်းအတွက် မရှိမဖြစ်လိုအပ်သော အခြေခံအချက်များဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လက်ရှိအစိုးရလက်ထက်မှ စတင်၍ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသားများ၏ အရေးကိစ္စရပ်များအား ဖြေရှင်းဆောင်ရွက်ပေးလျက် ရှိပါသည်။ ထို့အတူ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ၏ အရေးကိစ္စရပ်များကို ဆောင်ရွက်ပေးနိုင်ရန် အတွက် ပဲခူးတိုင်းဒေသကြီးလွှတ်တော်တွင်လည်း တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီအား ကော်မတီဝင်(၉)ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးဆောင်ရွက်စေလျက်ရှိပါသည်။

ရည်ရွယ်ချက်

၂။          ပဲခူးတိုင်းဒေသကြီးအတွင်းတွင် နေထိုင်လျက်ရှိသော တိုင်းရင်းသားလူမျိုးများ၏ ဓလေ့ထုံးတမ်း၊ ဘာသာစကား၊ စာပေ၊ ယဥ်ကျေးမှု၊ အနုပညာများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကျန်းမားရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးတို့ပါဝင်သော လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးနှင့် တိုင်းရင်းသားများ အချင်းချင်း ချစ်ကြည်လေးစားစွာ အပြန်အလှန်ရိုင်းပင်ကူညီရေးတို့တွင် လိုအပ်ချက်များအား ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ပါသည်။

အပြည့်အစုံဆက်လက်ဖတ်ရှုရန်…………