ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒသမပုံမှန်အစည်းအဝေးတွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အလုပ်သမားရေးရာကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၂/၂၀၁၈)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒသမပုံမှန်အစည်းအဝေးတွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အလုပ်သမားရေးရာကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၂/၂၀၁၈)

 

နိဒါန်း

၁။          ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ ဒသမပုံမှန်အစည်းအဝေးသို့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အလုပ်သမားရေးရာကော်မတီသည် မိမိတို့ ပဲခူးတိုင်းဒေသကြီးအတွင်းတွေ့ကြုံဖြတ်သန်းခဲ့ရသော ရေးရာကော်မတီဆိုင်ရာကိစ္စရပ်များအား ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ လည်းကောင်း၊ ပြည်သူ့အစိုးရသစ်လက်ထက်တွင် ပြုပြင်ပြောင်းလဲတိုးတက်နိုင်ရန် ထပ်မံဆောင်ရွက်ရန် ကျန်ရှိနေသောလုပ်ငန်းများနှင့် ဆောင်ရွက်သင့်သော ကိစ္စရပ်များကို အချိန်နှင့်တပြေးညီဆောင်ရွက်နိုင်ရန်အတွက် လည်းကောင်း အစီရင်ခံစာ ပြုစုတင်ပြရခြင်းဖြစ်ပါသည်။

ကော်မတီအစည်းအဝေးကျင်းပမှုများ

၂။ (က) ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အလုပ်သမားရေးရာကော်မတီ၏ လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် (၈.၃.၂၀၁၈)ရက်နေ့နှင့် (၉.၃.၂၀၁၈)ရက်နေ့တို့တွင် လွှတ်တော်ရေးရာကော်မတီရုံးခန်း၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်ပါအတိုင်းကျင်းပခဲ့ပါသည်−
(၁)          ရွှေကျင်မြို့နယ်၊ ပညာရေးကိစ္စ (အလယ်တန်းပြဆရာမ၏တင်ပြစာ)ကွင်းဆင်းကြားနာပွဲနှင့်                                    ပတ်သက်၍လည်းကောင်း၊
(၂)           ဖြူးမြို့နယ်ကညွတ်ကွင်းမြို့၊ အားကစားကွင်းမြေနေရာပြန်လည်ရယူလိုမှုကိစ္စ ကြားနာပွဲသုံးသပ်ချက်                    နှင့် ပတ်သက်၍လည်းကောင်း၊
(၃)          ဝေါမြို့နယ် သပြေကန်တိုးဂိတ် (ရွှေသံလွင်ကုမ္ပဏီ)ဝန်ထမ်းများ အလုပ်ပြန်လည်ရရှိရေး ညှိနှိုင်း                              ဆောင်ရွက်နိုင်ပါရန် တင်ပြလာသည့်ကိစ္စနှင့် ပတ်သက်၍လည်းကောင်း၊

အပြည့်အစုံဆက်လက်ဖတ်ရှုရန်………..