အမှိုက်သိမ်းစနစ်ပုဂ္ဂလိကသို့လွှဲပြောင်းရေးပြည်သူနှင့် ညှိနှိုင်းဆွေးနွေးပွဲသို့တက်ရောက်

ပြည်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးသက်ဝင်းလှိုင်သည် ဧပြီလ ၂ရက်နေ့တွင် ပြည်မြို့နယ်၊ဆံတော် ရပ်ကွက်၊ ရွှေသမင်မျှော် ဓမ္မာရုံနှင့်ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ရွှေကျောင်းကြီး
ဘုရားဓမ္မာရုံတို့၌ ကျင်းပသော ပြည်မြို့နယ်၏အမှိုက်သိမ်းစနစ်အား ပုဂ္ဂလိကသို့ လွှဲပြောင်းရေးအစီအစဉ်အတွက်ပြည်သူနှင့်ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်ချစ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်၊စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌနှင့် စည်ပင် အမှုဆောင်အရာရှိတို့ တက်ရောက်ခဲ့ကြကြောင်းသိရသည်။