မီးလောင်မှုဖြစ်ပွားခဲ့သော ကျေးရွာသို့ ထောက်ပံ့ပစ္စည်း ပေးအပ်

တိုင်းရင်သားလူမျိုးများရေးရာဝန်ကြီး နော်ပွယ်စေးနှင့်         ကြို့ပင်ကောက်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ကိုမင်းသည် ဧပြီလ ၃ ရက်နေ့တွင်ကြို့ပင်ကောက်မြို့နယ်အရှေ့ရှားစီးဘိုကျေးရွာတွင်မီးလောင်မှုဖြစ်ပွားခဲ့၍ အိမ်ခြောက်လုံးမီးဘေးသင့်ခဲ့သောပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများနှင့် အလှူငွေများပေးအပ်လှူဒါန်း ခဲ့သည်။

အဆိုပါလှူဒါန်းပွဲသို့ မြို့နယ်NLD တာဝန်ရှိသူများ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနမှတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများလိုက်ပါဆောင်ရွက်ခဲ့ကြောင်း သိရသည်။