ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရွှေကျင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီးကိုယ်စားလှယ်ဒေါ်လှလှဝင်းသည်မတ်လ ၃၀ ရက်နေ့တွင်ရွှေကျင်မြို့နယ် ထမင်းရုံကျေးရွာတွင် ကျောင်းဆောက်မည့် မြေနေရာရွေးချယ်ခြင်းလုပ်ငန်းကိုမြို့နယ်အလုပ်အမှုဆောင်များ၊ ကျေးရွာသူကျေးရွာသားများနှင့် ညှိနိုင်း ဆောင်ရွက်ခဲ့ပြီးနောက် အထွေထွေအုပ်ချုပ်ရေးမှူး၊ လမ်းအင်ဂျင်နီယာတို့နှင့်အတူလမ်းခင်းခြင်း၊ကတ္တရာခင်းခြင်းလုပ်ငန်းများအားကွင်းဆင်းကြည့်ရှုခဲ့သည်။

ထို့နောက်နေ့လယ်ပိုင်းတွင်ရွှေကျင်မြို့မဟာပညာဗိမာန်တွင်စာဖြေမည့်ရဟန်းသံဃာများအတွက် ပါဠိပထမပြန်စာမေးပွဲ ၊စူဠဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပနိုင်ရေး အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။