သုသာန် မြေညှိခြင်းဆောင်ရွက်ရန် ကွင်းဆင်းကြည့်ရှု

ပေါက်ခေါင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဝင်းနိုင်သည် မတ်လ ၃၀ ရက်နေ့တွင်ပေါက်ခေါင်းမြို့နယ်၊ သုသာန်မြေညှိခြင်း ဆောင်ရွက်ရန် ကွင်းဆင်းကြည့်ရှုခဲ့သည်။

ကွင်းဆင်း ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့်အတူပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်နီနီဒွန်း၊မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်ကော်မတီဝင်များ၊ မြို့နယ်စည်ပင် အမှုဆောင်အရာရှိ၊ မြေစာရင်းမှတာဝန်ရှိသူများ၊ ဘာသာရေးခေါင်းဆောင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး
မှူးများ၊စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။