ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒသမပုံမှန်အစည်းအဝေးတွင် စည်ပင်သာယာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၂/၂၀၁၈)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒသမပုံမှန်အစည်းအဝေးတွင်
စည်ပင်သာယာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၂/၂၀၁၈)

နိဒါန်း

၁။     ဒုတိယအကြိမ်၊ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ စည်ပင်သာယာရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးကော်မတီသည် ပဲခူးတိုင်းဒေသကြီးလွှတ်တော်နဝမပုံမှန်အစည်းအဝေးနှင့် ယခုကျင်းပ လျက်ရှိသည့် ဒသမပုံမှန်အစည်းအဝေးကြားကာလတွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီး၏ စည်ပင်သာယာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အချိန်နှင့်တပြေးညီ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ပုံမှန်အစည်းအဝေးပြုလုပ်ခြင်း

၂။      ဤရေးရာကော်မတီအစည်းအဝေးအမှတ်စဉ် (၃/၂၀၁၈)ကို (၂၄.၄.၂၀၁၈)ရက်နေ့မှ (၉.၅.၂၀၁၈)ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

၃။     အဆိုပါအစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီး၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ရသုံးငွေစာရင်းများကို စိစစ်ပြီး အသေးစိတ်တွေ့ရှိချက်များကို ငွေစာရင်းကော်မတီသို့ ဆက်လက်ပေးပို့ရန် ဆုံးဖြတ်ခဲ့ပါသည်။

၄။     ဤရေးရာကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၄/၂၀၁၈)ကို (၂.၇.၂၀၁၈)ရက်နေ့မှ (၁၃.၇.၂၀၁၈)ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

အပြည့်အစုံဆက်လက်ဖတ်ရှုရန်………………