ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒသမပုံမှန်အစည်းအဝေးတွင် စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၂/၂၀၁၈)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒသမပုံမှန်အစည်းအဝေးတွင်
စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၂/၂၀၁၈)

နိဒါန်း

၁။    ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဆိုင်ရာကော်မတီသည် ပဲခူးတိုင်းဒေသကြီး လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ နှစ်အလိုက် အသုံးပြုသော ငွေလုံးငွေရင်းအသုံးစရိတ်နှင့် ပြုလုပ်သောလျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းများ၊ ကိုယ်ထူကိုယ်ထ လျှပ်စစ်ဓါတ်အားရယူသုံးစွဲမှုလုပ်ငန်းများ၊ NEP စီမံကိန်းနှင့်ပတ်သက်သော လုပ်ငန်းစဉ်များကို စောင့်ကြည့်ထိန်းကျောင်းခြင်းနှင့် လုပ်ငန်းစဉ်အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အတတ်နိုင်ဆုံးကူညီပံ့ပိုးနိုင်ရန်၊ ပဲခူးတိုင်းဒေသကြီးအတွင်း လမ်းပန် းဆက်သွယ်ရေးတိုးတက်ကောင်းမွန်စေရန် လတ်တလော အကောင်အထည်ဖော်ရန် မသင့်သောလမ်းများ အတတ်နိုင်ဆုံးစိစစ်၍ ကူညီပံ့ပိုးပူးပေါင်းလုပ်ဆောင်ရန်၊ ပဲခူးတိုင်းဒေသအတွင်းရှိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထူးအလေးထားဆောင်ရွက်ရန်၊ အရေးကြီးသော တာဝန်ဝတ္တရားများ ဆောင်ရွက်ရန်အတွက် ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေးသို့ တင်ပြအစီရင်ခံအပ်ပါသည်။

ရည်ရွယ်ချက်

၂။     ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ စက်မှု၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ကော်မတီသို့ ရောက်ရှိလာသည့် မီးလင်းရေးကော်မတီများနှင့် မီးသုံးစွဲသူပြည်သူများအကြား ဖြစ်ပေါ် နေသော ပြဿနာများကို အကောင်းဆုံးနည်းဖြင့် ဖြေရှင်းပေးနိုင်ရန်နှင့် NEP တစ်နိုင်ငံလုံးမီးလင်းရေး စီမံကိန်းနှင့် ပတ်သက်၍လုပ်ငန်းစဉ်ကို ပြည်သူများသိရှိနိုင်ပါရန်နှင့် ပူးပေါင်းဆောင်ရွက်သော အလေ့အထများ ရရှိစေရန်၊ ပဲခူးတိုင်းအတွင်းရှိလမ်းများ ကောင်းမွန်ပြီးပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရန် အထူးတလည်အလေးထားဆောင်ရွက်ရန်၊ အိုးအိမ်များဖွံ့ဖြိုးတိုးတက်ပြီး ဆက်သွယ်ရေး လိုင်းများ တိုးတက်ကောင်းမွန်စေရန်နှင့် မြစ်ချောင်းများရေစီးရေလာကောင်းမွန်ပြီး ကမ်းပါးပြိုမှုများမရှိစေရေး အလေးထားဆောင်ရွက်ရန် ရည်ရွယ်ပါသည်။

လုပ်ငန်းစဥ်

၃။     (၂၅.၄.၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် ရွှေကျင်မြို့နယ်၊ ဆိတ်ကလေးကျေးရွာ၊ မီးလင်းရေး ကော်မတီဝင်များနှင့် တိုင်ကြားသူများ၊ (၂၆.၄.၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် သနပ်ပင်မြို့နယ်၊ ကလိုင်ကျေးရွာ၊ မီးလင်းရေးကော်မတီဝင်များနှင့် တိုင်ကြားသူများ၊ (၂၇.၄.၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် နတ်တလင်းမြို့နယ်၊ ပတက်ကုန်းကျေးရွာ၊ မီးလင်းရေးကော်မတီဝင်များနှင့် တိုင်ကြားသူများအား အသီးသီးကို ကြားနာခြင်းပြုလုပ်ခဲ့ပါသည်။

အပြည့်အစုံဆက်လက်ဖတ်ရှုရန်…………