ရွှေတောင်မြို့သို့ ကွင်းဆင်း

ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ စည်ပင်သာယာရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး ကော်မတီသည် ဇန်နဝါရီ ၂၁ ရက်နေ့ နံနက် ၈နာရီတွင် ပြည်ခရိုင်၊ ရွှေတောင်မြို့သို့ သွားရောက်၍ သုဿန်များ၊ သားသတ်ရုံများ၊ အမှိုက်ကန်များ၊ စည်ပင်သာယာ ဈေးကြီး၊ မြို့နယ်ခန်းမနှင့် စည်ပင်သာယာပိုင်မြေများကို ကြည့်ရှုလေ့လာပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် တွေ့ဆုံကာ မြို့နယ်စည်ပင်သာယာရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးအကြံပြု ခဲ့သည်။

ကော်မတီသည် ညနေ ၅ နာရီခွဲတွင် ပြည်မြို့နယ် စည်ပင်သာယာခန်းမတွင် ပြုလုပ်သော သယံဇာတ၊ သဘာဝ ပတ်ဝန်းကျင်
ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီးနှင့်တွေ့ဆုံပွဲသို့တက်ရောက်ခဲ့သည်။