သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဒိုက်ဦးမြို့သို့ ကွင်းဆင်းလေ့လာ

ပဲခူးတိုင်းဒေသကြီး လွှတ်တော်သယံဇာတ သစ်တောနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဒိုက်ဦးမြို့သို့ ကွင်းဆင်းလေ့လာကြည့်ရှုခဲ့ကြသည်။

ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည်ဖိတ်ကြားထားသောဌာနဆိုင်ရာများနှင့် အတူ ဒိုက်ဦးမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် သဲ၊ အုတ်၊ ကျောက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီးလိုင်စင်အမြန်ရရှိရေးနှင့်
လိုင်စင်ခွန်များ တိတိကျကျပေးသွင်းရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါကွင်းဆင်းမှုတွင် ဒိုက်ဦးမြို့နယ်ဒေသခံ မဲဆန္ဒနယ် ၁ မှ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ပူးပေါင်းပါဝင် ခဲ့ကြောင်း သိရသည်။