ဆွေးနွေးပွဲသို့ တက်ရောက်

အကျိုးတူ ပူးပေါင်းလယ်ယာ စိုက်ပျိုးရေးစနစ်ဥပဒေ(မူကြမ်း) နှင့်ပတ်သက်သည့်
ဆွေးနွေးပွဲကို ရန်ကုန် တိုင်းဒေသကြီး၊ မြောက်ဒဂုံ မြို့နယ်၊ ပင်လုံ အိမ်ရာရှိ NAG (Network Activities Group) ရုံးချုပ်၌ ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၁၀နာရီ က ပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီးလွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေ ကြမ်း ကော်မတီ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းနှင့်မြေယာကိစ္စရပ်များဆိုင်ရာ ကော်မတီတို့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ NAG မှ အမှုဆောင် အရာရှိချုပ်၊ Project Manager တို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ပေါင်းစုလုပ်အားအကူအညီပေးရေးအဖွဲ့ (NAG)သည် မကွေးတိုင်းဒေသကြီးတွင် လက်ရှိ ဆောင်ရွက်နေသော
အကျိုးတူ ပူးပေါင်းလယ်ယာ စိုက်ပျိုးရေးလုပ်ငန်း အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီးပဲခူးတိုင်းဒေသကြီးလွှတ်တော်
တွင် ဆွေးနွေးလျှက်ရှိသော အကျိုးတူ ပူးပေါင်းလယ်ယာ စိုက်ပျိုးရေး စနစ် ဥပဒေ(မူကြမ်း)တွင် ဒေသနှင့်ကိုက်ညီဆီလျော်
ပြီး တောင်သူလယ်သမားများနှင့်လုပ်ငန်းဆောင်ရွက်သူများ ပိုမိုအကျိုးဖြစ်ထွန်းစေမည့် ဥပဒေကောင်းတစ်ရပ် ထွက်ပေါ်လာစေရေးကိစ္စရပ်များဆွေးနွေးခဲ့ကြကြောင်းသိရသည်။