တောင်ငူမြို့သို့ကွင်းဆင်းလေ့လာ

ပဲခူးတိုင်းဒေသကြီးလွှတ်တော် သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဇန်နဝါရီ ၁၀ ရက်နေ့နှင့် ၁၁ရက်နေ့တို့ တွင် တောင်ငူမြို့သို့ကွင်းဆင်းလေ့လာခဲ့ကြသည်။

ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဖိတ်ကြားထားသော ဌာနဆိုင်ရာများနှင့် အတူ
တောင်ငူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် သဲ၊ အုတ်၊
ကျောက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီးလိုင်စင်အမြန်ရရှိရေးနှင့် လိုင်စင်ခွန်များ တိတိ
ကျကျပေးသွင်းရေးဆွေးနွေးခဲ့ပြီး သဲစုပ်ယူလုပ်ကိုင်နေသောလုပ်ငန်းခွင်နှင့် တောင်ငူမြို့နယ်တွင်းရှိ ဓာတ်ဆီဆိုင်အချို့ကိုလည်းကွင်းဆင်းကြည့်ရှုခဲ့သည်။ ကွင်းဆင်းခရီးစဉ်အတွင်း ဒေသခံများမှ တင်ပြလာသည့် လုပ်ကိုင်နေရမှု အခြေအနေတို့အား ကြားနာ၍ ကော်မတီအဖွဲ့မှ ပြန်လည်ဆွေးနွေးခဲ့ကြသည်။

အဆိုပါကွင်းဆင်းခရီးစဉ်တွင် တောင်ငူမြို့နယ်မဲဆန္ဒနယ် ၁ မှ ဒေသခံ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ပူးပေါင်းပါ
ဝင်ခဲ့ကြောင်းသိရသည်။