လုပ်ငန်းညှိနှိုင်းအစည်းအဝေး

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီသည် ပဉ္စမအကြိမ် ကြားနာခြင်း တစ်စိတ်တစ်ပိုင်း ဖြစ်သော မေးမြန်းဆွေးနွေးခြင်းနှင့် ပတ်သက်၍ ရလဒ်များ စိစစ်ရန်အတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၈ ရက်နေ့မှ ၉ ရက်နေ့အထိ ကော်မတီအစည်းအဝေးခန်းမတွင်ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ပဉ္စမအကြိမ်ကြားနာခြင်း တစ်စိတ်တစ်ပိုင်းဖြစ်သော မေးမြန်းဆွေးနွေးပွဲတွင် မေးမြန်းခဲ့သည့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာ
ယာရေးဝန်ကြီးဌာန၊ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနတို့၏ ကတိကဝတ်ပြုခဲ့သည့်အဆို၊ မေးခွန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ဆောင်ရွက်ဆဲကျန်ရှိနေသော လုပ်ငန်းများနှင့်ပတ်သက်၍ စိစစ်ခြင်း လုပ်ငန်းများအား ဆောင်ရွက်ခြင်း၊ အင်း၊ဆည်၊ရေလှောင်တမံများတွင် Feasibility Study ဆောင်ရွက်မှုမှ လေ့လာတွေ့ရှိချက်အစီရင်ခံစာနှင့် ပတ်သက်၍ သဘောထားမှတ်ချက်တင်ပြခြင်းများ ဆောင်ရွက်ခဲ့သည်။

အစည်းအဝေးသို့ ကော်မတီ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် အကြံပေးအဖွဲ့ဝင်များ စုစုပေါင်း ၈ ဦးတက်ရောက်ခဲ့သည်။