အုတ်တွင်းမြို့သို့ ကွင်းဆင်းလေ့လာ

ပဲခူးတိုင်းဒေသကြီးလွှတ်တော် သယံဇာတ၊ သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည်ဇန်နဝါရီ ၈ ရက်နေ့တွင် အုတ်တွင်းမြို့သို့ကွင်းဆင်းလေ့လာ ကြည့်ရှုခဲ့ကြသည်။

ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဖိတ်ကြားထားသော ဌာနဆိုင်ရာများနှင့်အတူ
အုတ်တွင်းမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် သဲ၊
အုတ်၊ဓာတ်ဆီဆိုင်များ လုပ်ငန်းဆောင်ရွက်နေမှုအား စီစစ်ခဲ့ပြီး လိုင်စင်အမြန်ရရှိရေးနှင့် လိုင်စင်ခွန်များတိတိကျကျပေးသွင်းရေးတို့ကိုဆွေးနွေးခဲ့သည်။

၎င်းနောက် ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် သဲစုပ်ယူလုပ်ကိုင်နေသော လုပ်ငန်းခွင်နှင့် အုတ်တွင်းမြို့နယ်တွင်းရှိ ဓာတ်ဆီဆိုင်အချို့ကို ကွင်းဆင်းကြည့်ရှုပြီး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါကွင်းဆင်းခရီးစဉ်တွင် ကော်မတီနှင့်အတူ အုတ်တွင်းမြို့နယ်မဲဆန္ဒနယ် ၁၊ ၂ မှ ဒေသခံ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးစလုံး ကွင်းဆင်းပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။