ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အလုပ်သမားရေးရာ ကော်မတီ ပဲခူးတက္ကသိုလ်သို့ ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ ပညာရေး၊ ကျန်းမာရေး၊လူမှုရေးနှင့်အလုပ်သမားရေးရာ ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၁၀ နာရီတွင် ပဲခူးမြို့နယ်၊ ပဲခူးတက္ကသိုလ်သို့သွားရောက်၍ ကျောင်း၏ လိုအပ်ချက်များ၊ အခက်အခဲများအား ကူညီ ညှိနှိုင်းဆောင်ရွက်နိုင်ရန် ပဲခူးတက္ကသိုလ်ရှိ တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အလုပ်သမားရေးရာ ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပဲခူးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ ဌာနအသီးသီးမှ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

ထို့နောက် ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ပဲခူးတက္ကသိုလ်ဝန်းအတွင်းရှိ တက္ကသိုလ်ဆေးရုံတွင် ဆရာဝန်၊ သူနာပြု၊ အလုပ်သမားနှင့်ဆေးပစ္စည်းများလိုအပ်လျက်ရှိကြောင်း၊ ဆရာ/ ဆရာမများ၊ ကျောင်းသူ၊
ကျောင်းသားများနှင့် ဝန်ထမ်းများအတွက် ကျန်းမာရေး စောင့်ရှောက်မှု အခက်အခဲရှိနေကြောင်း တင်ပြလာမှုအပေါ်  ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။